Saturday, November 25, 2017

သခွားသီးသုပ်


တစ်ခွက်ထဲနဲ့တောင် ထမင်းစားလို့မြိန်စေမဲ့ သခွားသီးသုပ်နည်းလေးပါ။
သခွားသီးအကြီး - ၁ လုံး
ကြက်သွန်နီဥကြီး - ၁ ဥ
ပင်စိမ်း - ၄ ခက်
ငရုတ်သီးစိမ်း - ၅ တောင့်
ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုစွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပုရာသီး - ၁ လုံး
စိမ်းစားငပိ (သို့) ငပိထောင်း - အနည်းငယ်
ငံပြာရည် - အနည်းငယ်


သခွားသီးကို အခွံခွာ၊ ရေဆေးပြီး ခြစ်နှင့်ခြစ်ပါ။ ကြက်သွန်နီနှင့်ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ ပင်စိမ်းရွက်ကို အရွက်ခြွေပြီး ရေစင်စင်ဆေးထားပါ။ သံပုရာသီးစိတ်ထားပါ။
စိမ်းစားငပိကို မီးကင်ပေးပါ။ (ငပိထောင်းသုံးလျှင် ဒီတိုင်းထည့်လို့ ရပါတယ်)
ပန်းကန်ထဲတွင် ပါဝင်ပစ္စည်းတွေအကုန်ထည့် သံပုရာရည်ညှစ်ပြီး နှံ့အောင်နယ်ပါ။ အပေါ့အငန်ပြင်ပေးလိုက်လျှင် အနံ့မွှေးမွှေးလေးနဲ့ သခွားသီးသုပ်ချဉ်ငံစပ်လေး ရပါပြီ။

MYKA Ecommerce
www.myka.com.mm