Sunday, January 7, 2018

ဆီမပါတဲ့ ရခိုင်ငါးငရုပ်သီးချက်နဲ့ တို့ စရာအစုံ

ဆီမပါတဲ့ ရခိုင်ငါးငရုပ်သီးချက်နဲ့ တို့ စရာအစုံ တခွက်ထဲနဲ့ စားလို့ ကောင်းမယ့် ထမင်းပွဲပါ။



ပါဝင်ပစ္စည်းများ
ငါးရွှေ ( သို့ မဟုတ်) ငါးကြင်း - ၂၀ ကျပ်သား
ကြက်သွန်နီ ဥကြီး - ၁ ဥ (မထူမပါး လှီးထားပါ)
ခရမ်းချဉ်သီး - ၆ လုံး (ထူထူ လှီးထားပါ)
ငါးပိ - ကွမ်းသီးလုံး ၃ လုံးခန့်
ငရုပ်သီးစိမ်း အတောင့် - ၂၀ ခန့် (ထောင်းထားပါ)
နံနံပင် - အနည်းငယ်
မန်ကျည်းသီး - အနည်းငယ်
ပြုလုပ်နည်း
ငါးရွှေ (သို့မဟုတ်) ငါးကြင်းကို ရေဆေး သန့်စင်ပြီး အိုးထဲတွင်း ငါးကို ရေမြုပ်ရုံ ထည့်၍ ပြုတ်ပါ။
ငါးကျက်လျင် အအေးခံ၍ အသားနွှင်ထားပါ။ ငါးအသား နွှင်သည့်အခါ အတုံးလေးများဖြစ်အောင် နွှင်ပါ။ ငါးအသားကို ကျေအောင် မဖြစ်ညစ်ရပါ။
ငါးပြုတျရည်အိုးထဲတွင် ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ထောင်းထားသည့် ငရုပ်သီးစိမ်းအတောင့်နှင့် ငါးပိ ကွမ်းသီးလုံး ၃ လုံးခန့်ကို ထည့်ပြီး တည်ပါ။
နံနံပင်နဲ့ မန်ကျည်းသီးလေး စိမ်ထားပါ။ 
ငါးပိစိမ်းနံ့ ပျောက်၍ ကြက်သွန်နီနှင့် ခရမ်းချဉ်သီး ပျော့လာလျင် နွှင်ထားသည့် ငါးကို ထည့်ပါ။
ပြီးလျင် မန်ကျည်းမှည့်အရည် ထည့်ပါ။
နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ နံနံပင် အုပ်ပါ။
ငါးအသားလေး မကျေဘဲ အတုံးလေးနဲ့ အရသာရှိတဲ့ ငါးငရုပ်သီးချက်လေး ရပါပြီ။
Source: FOOD at HOME

MYKA Ecommerce
www.myka.com.mm


ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်

ကြာဆံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်လေးပါ... နေ့လည်အစာပြေပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက် သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီး စားလို့လည်းကောင်းလို့ အခုပဲ ကြာဇံချက် ပူပူလေးနဲ့ ရှောက်သီးသုပ်ကို တူတူ ချက်ကြည့်ရအောင်....




ပါဝင်ပစ္စည်းများ
ပဲကြာဇံ – ၁၅ ကျပ်သား
ကြက်ရိုး – ၃၀ ကျပ်သား
ငါးဖယ် – ၁၀ ကျပ်သား
မှိုခြောက် – ၂ ကျပ်သား
ပဲခြောက် – ၂ ကျပ်သား
ပန်းခြောက် – ၂ကျပ်သား
ငုံးဥ – ၁၀ လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီး အခွံနွှာထားပေးပါ)
ကြက်သွန်နီ – ၃ မွှာ (နုတ်နုတ်စဉ်းပါ)
ကြက်သွန်ဖြူ – ၃ မွှာ (နုတ်နုတ်စဉ်းပါ)
နနွင်းမှုန့်  – လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
ဆား – စားပွဲတင်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၅ ဇွန်း

ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
ကြက်သွန်နီ – ၅ လုံး (ပါးပါးလှီးပါ)
နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
သံပရာသီး – ၄ လုံး (၄ စိပ်စိပ်ပါ)
ငါးငံပြာရည်

ပြင်ဆင်နည်း
၁။ အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။
၂။ ဒယ်အိုးထဲ ရေ(၄လီတာ) ထည့်ပြီး ကြက်ရိုးများကို ပြုတ်ထားပါ။
၃။ ရေ ၃ လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီး ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီး ကြက်ရိုးမှ အသားများ နွှင်းပေးပါ။
၎။ ငါးဖယ်ကို ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) တို့ဖြင့် သမအောင် နယ်ပြီး ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီး ပါးပါးလှီးပေးပါ။
၅။ ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။
၆။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီး အသားနွှင်ထားသော ကြက်သားများကို ထည့်ပေးပါ။
၇။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်ပြီး ဆီပြန်လျှင် မီးပိတ်လိုက်ပါ။
၈။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုံးဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။

ချက်ပြုတ်နည်း
၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။
၂။ ဆူလာလျှင် ကြက်သား၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုံးဥ တို့ကို ထည့်ပြီး ၅ မိနစ်ခန့် အဖုံးအုပ်ထားပါ။
၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား တို့ကို ထည့်ပြီး ရောမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။
၎။ ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့်ပါ။အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပုရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ….

ရှောက်သီးသုပ်
ရှောက်သီး – ၂ လုံး (အခွံနွာ၊ အစေ့ထုတ်ပြီး ရှောက်သီး နွှာယူပါ)
မြေပဲ – စားပွဲတင်ဇွန်း ၄ ဇွန်း (မညက်တညက် ထောင်းထားပါ)
ကြက်သွန်နီ – ၆ လုံး (ပါးပါးလှီးပါ)
ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ ဇွန်း (ညက်အောင် ထောင်းထားပါ)
ငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်သီးစိမ်း – ၈ တောင့် (ပါးပါးလှီးပါ)
ဆား – စားပွဲတင်ဇွန်း တ၀က်
သကြား – စားပွဲတင်ဇွန်း ၃ ပုံ၁ ပုံ
နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဇလုံထဲတွင် (ရှောက်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငပိ၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြား) တို့ကို ထည့်လိုက်ပါ။
၂။ သမအောင် လက်ဖြင့် ခပ်ဖွဖွ ရောနယ်ပြီး အပေါ်မှ နံနံပင်အုပ်ကာ ကြာဇံချက်ပူပူလေးနှင့် တွဲဖက်သုံးဆောင်လို့ ရပါပြီ....

MYKA Ecommerce

www.myka.com.mm

Saturday, January 6, 2018

ကြက်သားချိုချဉ်ကြော်

ကြက်သားချိုချဉ်ကြော်











ကြက်သားကို အတုံးသေးလေးတွေ တုံးထားပါ။
ဂျုံမှုန့် ၅ ဇွန်း၊ ကြက်ဥ တစ်လုံး၊ ဆား၊ အချိုမှုန့်၊ ရေ ထည့်ပြီး နယ်ပါ။ အသား ခဏ နှပ်ထားတုန်း အသီးအနှံလေးတွေ လှီးထားပါ (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ) ပန်းကန်လုံးထဲ ကော်မှုန့် ၂ ဇွန်းကို အရေဖျော်ထားပါ။
ပန်းကန်လုံး နောက်တစ်လုံးထဲ ငရုတ်ဆော့၊ သကြား ၂ ဇွန်း၊ ဗင်နီဂါ ဇွန်းတစ်ဝက်၊ ဆား ထည့်ပြီး ရော မွှေထားပါ။ ခုနက နှပ်ထားတဲ့ ကြက်သားကို ကြော်ပါ။

မုန့်နှစ်အရည်ရောပါအောင် ကြက်သားတုံးလေးတွေကို ဇွန်းဖြင့် ခပ်ထည့်ပြီးကြော်ပါ (မီးမပြင်းရပါ)
ကြော်ပြီး ဆယ်ထားပါ။
အိုးထဲ ဆီ နည်းနည်းလေး ထည့်ပြီး ကြက်သွန်ဖြူ ထည့်ပါ။
ကြက်သွန်နီ၊ ခရမ်းချဉ်သီးထည့် အသီးအနှံ လှီးထားတာတွေ ထည့်ပါ။ 
ကြက်သားမှုန့် နည်းနည်းထည့်ပြီး မွှေပါ။
ပြီးလျှင် ရေထည့်ပြီး အဖုံးခဏ အုပ်ထားပါ။ အဖုံး ဖွင့်ကြည့်ပြီး ရေခမ်းခါနီးဆိုရင် ကော်ရည်ဖျော်ထားတာ ထည့်ပါ။ ငရုတ်အနှစ် ဖျော်ထားတာထည့်ပါ။ မွှေကြည့်လို့ အရမ်းကြီး ပျစ်ခဲနေလျှင် ရေ ထပ်ထည့်ပြီး မွှေပေးပါ။
အရသာ အချို အချဉ် အပေါ့ အငံ အနေတော်ပဲဆိုလျှင် ခုနက ကြော်ထားတဲ့ ကြက်သားစဥကြော်လေးတွေ ထည့်ပါ။ ကြက်သားစဥကြော်လေးတွေ ထည့်ပြီး မွှေပေးပါ။ ကြက်သားချိုချဉ်ကြော်လေး ရပါပြီရှင်....
Source: KhaingZin War
 
 
MYKA Ecommerce
www.myka.com.mm

 

ကြက်သံပုရာပေါင်း

ကြက်သံပုရာပေါင်း 



ကြက်သား အခြမ်းလိုက်ကို ငါးသံပုရာပေါင်းသလို ပေါင်းထားတာပါ။ အရသာကို အသားထဲ စိမ့်ဝင်အောင် ဆား၊ သကြား၊ သံပုရာရည်နဲ့ တစ်ည နှပ်ထားပါတယ်။ စကာပါတဲ့ ပေါင်းအိုးနဲ့ ပေါင်းထားတာဆိုတော့ အသားတွေ ကြေမသွားပဲ နူးအိပြီး စားလို့ အရမ်းကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ
CP ကြက် – ၁ ခြမ်း 
ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုရာရည် – စားပွဲတင်ဇွန်း ၄ ဇွန်း
ငရုတ်သီးစိမ်း – ၇ တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၅ မွှာ (နုတ်နုတ်စင်း)
ချင်း -လက် တစ်ဆစ် (နုတ်နုတ်စင်း)
စပါးလင် - ၁ ပင် (နုတ်နုတ်စင်း)
ရှမ်းနံနံ - ၅ ရွက် (ပါးပါးလှီးပါ)
နံနံပင် - လက်တစ်ဆုပ် (ပါးပါးလှီး)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်နည်း
အရင်ဆုံး ကြက်သားထဲ အရသာစိမ့်ဝင်အောင် ဓါးနဲ့ မြှောင်းပြီး ဆား၊ သကြား၊
သံပုရာရည်နဲ့ သမအောင်နယ်ပေးပါ။ ပြီးရင် ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညနှပ်ထားပါ။
ကက်သား ပေါင်းမည့်အိုးထဲ စပါးလင်တစ်ပင်၊ ချင်း လက်တစ်ဆစ်နှင့် ရေထည့်ပါ။
စကာပေါ် နှပ်ထားတဲ့ ကြက်သားကို ထည့်ပြီး မိနစ် ၂၀/၂၅ ခန့် ပေါင်းပေးပါ။ 
ကြက်သား ကျက်ပြီဆိုရင် ကြက်သားကို ပန်းကန်ထဲ ပြောင်းထည့်ပါ။ 
ဆော့ရည်အတွက် ပြင်ဆင်ပါမည်။
ဆော့ရည်အတွက် ကျန်တဲ့ ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်ခုထဲသို့ ထည့်ပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်းရည် အနည်းငယ်နဲ့ သမအောင် ရောပေးပါ။
အရသာမြည်းပါ။ လိုသလိုပြင်ပါ။
ပြီးရင် ဆော့ရည်ကို ပန်းကန်ထဲက ကြက်သားပေါ် လောင်းချပါ။
သံပုရာသီးတစ်လုံးကို အကွင်းလိုက် လှီးပြီး ကြက်သားပေါ် စီထည့်ပါ။
အခုဆိုရင် စားလို့ အရမ်းကောင်းတဲ့ ကြက်သံပုရာပေါင်းလေး ရပါပြီ....
Source: Kyaw Min Htwe

MYKA Ecommerce
www.myka.com.mm


Friday, January 5, 2018

ဝက်သားတုတ်ထိုးလုပ်နည်း

ဝက်သားတုတ်ထိုးလုပ်နည်း





ဝက်သားတုတ်ထိုးကို ဆိုင်မှာဝယ်မစားပဲ အိမ်မှာ လုပ်စားရအောင် မျှဝေပေးလိုက်ပါတယ်။ 
လိုအပ်တာတွေကတော့
အချင်းတိုင် ၂၅ ကျပ်သား 
အူချို ၂၀ ကျပ်သား 
အူမကြီး ၂၅ ကျပ်သား 
နို့အုံသား ၄၀ ကျပ်သား 
အူပိတ် ၂၅ ကျပ်သား 
နားရွက် တစ်ဖက် 
လျှာ တစ်ချောင်း 
နှလုံး တစ်ခု 
သုံးထပ်သား ၂၀ ကျပ်သား 
အသဲ ၁၀ ကျပ်သား 
ဘဲဥ ၃ လုံး 
ကြိုက်နှစ်သက်ရာထည့်ပါ။ 

ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။ 
အူချို၊ အချင်းတိုင်၊ နှလုံး၊ လျှာ၊ နို့အုံသား၊ နားရွက်၊ အသဲ၊ သုံးထပ်သားတို့ကို မကျည်းသီး၊ ဆား နှင့် ဆေးပါ။ အရမ်းမဆေးပဲ စင်ရုံဆေးပါနော်။ 
အူမကြီးကို ရေဆေးပါ။ ဒယ်အိုးပူပူမှာ အိုးကင်ပူကပ်ပါ။ အချွဲများ ကုန်အောင် မွှေပါ။ ပြီးမှ ဆား၊ သံပုရာသီး မကျည်းသီးနှင့် ဆေးပါ။ အူပိတ်ကို ပြောင်းပြန်လှန် ဆား၊ မကျည်းသီးနှင့် ပွတ်ဆေးပါ။ အချွဲများ ကုန်လျှင် သံပုရာသီးနှင့် ထပ်ဆေးပါ။ ပြောင်သွားလျှင် အတည့် ပြန်လှန်ပြီး ထပ်ဆေးပါ။ 
အားလုံးပြီးမှ တစ်ချောင်းသို့ ထပ်ထပ်ပြီး သွတ်ပါ။ တူသုံးလို့ ရပါတယ်။ အားလုံးပြီးရင် ကြက်သွန်ဖြူ၊ ချင်း အရည်ညှစ်ချပါ။ ဆား၊ သကြား (ကြက်သားမှုန့်)၊ ငရုတ်ကောင်း၊ တရုတ် မဆလာ၊ အသားမဆလာ၊ ပဲငံပြာရည် အနောက် တို့နှင့် ၃/၄နာရီခန့် ရေခဲသေတ္တာထဲသို့ ထည့်နှပ်ထားပါ။ 
ကျွန်မကတော့ မနက်ချက်ရန် ညထဲက နှပ်ထားပါတယ်။ ချက်ကာနီးလျှင် နာရီဝက်ခန့် ကြိုထုတ်ပါ။ ဆီပူပူမှာ သကြား ထည့်ပါ။ ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကို ထည့်ပြီး ကြော်ပါ။ ရေခမ်းပြီး ဝက်သားနီလာလျှင် ရပါပြီ။ Pressure cooker ထဲသို့ ပြောင်းထည့်ပါ။ ရေနို့ဆီဘူး ၁ လုံးခွဲခန့် ထည့်ပါ။ နာနတ်ပွင့် ၂ ပွင့်ခန့် ထည့်ပါ။ မိနစ်၂၀ ခန့်ကြာလျှင် နူးလွယ်သော အသားများထုတ်ကာ ကျန်သောအသားများ
နူးသည်အထိ တည်ပါ။ 
အားလုံးရလျှင် ဆယ်ပြီးကျန်သော ရေဖြင့် အသဲ ထည့်ပြုတ်ပြီး ဆယ်ထားပါ။ ဘဲဥပြုတ် ထည့်ပါ။ ဗန်းထည့်သို့ ပြောင်းထည့်ပြီး မီးမျှင်းမျှင်းဖြင့်တင်ထားပါ။ ကြိုက်ရာကို လှီးပြီး စားလို့ ရပါပြီရှင်။ 

အချဉ်ရည် 
မကျည်းသီးကို ရေဆေးပြီး ရေစိမ်ကာ ပွလာလျှင် ဇကာနှင့် အနှစ်တိုက်ချပါ။ ထန်းလျှက်ကို ရေအနည်းငယ်နှင့် ကြိုပြီး သဲစစ်ထားပါ။ ကြက်သွန်ဖြူ ငရုတ်သီးထောင်းပါ။ ငရုတ်ဆီထည့်ပါ။ ပဲငံပြာရည် အကြည် ချင်းအရည် ထည့်ပါ။ ငံပြာရည်(ကြက်သားမှုန့်) ထည့်ပါ။ ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့် ကြိုထည့်ပါ။ ကဲ.... အိမ်မှာသန့်  သန့် ရှင်းရှင်းနဲ့ ကိုယ့်စိတ်ကြိုက်လုပ်စားလို့ ရပြီနော်။
 

MYKA Ecommerce
www.myka.com.mm


ကြက်သားဟင်းနဲ့  ပြည်ပလာတာ ချက်နည်း

ကြက်သားဟင်းနဲ့  ပြည်ပလာတာ ချက်နည်း





ပြည် ပလာတာ (၁၀ ယောက်စာ)
ပလာတာ ၁၅ ချပ်
ကြက်သား ၅၀ ကျပ်သား
အာလူး ၃၅ ကျပ်သား
ကုလားပဲ ၂၀ ကျပ်သား
ငရုတ်ပွခြောက် ၆ တောင့်
ကြက်သွန်နီ ၄ လုံး
ချင်း လက်တစ်ဆစ်
ကရဝေးရွက် ၂ ခု
ပဲနံ့ သာစေ့ လက်ဖက်ရည်ဇွန်း၂ ဇွန်း
မဆလာ အနည်းငယ်
ဆီ စားပွဲတင်ဇွန်း ၁၀ ဇွန်း
ဂေါ်ဖီထုပ် တစ်စိတ် (ခြစ်ထားပါ)
ကြက်သွန်နီ ၅ လုံး (ပါးပါး လှီးထားပါ)
ငရုတ်သီးစိမ်း အနည်းငယ်
သံပုရာသီး ၅ လုံး
ပူစီနံ ၂ စည်း
ကုလားပဲများကို (၃) နာရီခန့် ရေစိမ်ပြီး နူးအောင် ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍ ကြိတ်စက်(Blender) ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီးတစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။
ကြက်သားများကို အရွယ်တော်အတုံးများ တုံး၍ ရေဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆား ၊ မဆလာတို့ဖြင့် နယ်ကာ ရေခဲသေတ္တာထဲတွင် (၂)နာရီခန့် နှပ်ထားပါ။
ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့် ရောကာ ညက်အောင် ထောင်းထားပါ။
အာလူးများကို အခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ထို့နောက် အရသာမှုန့်၊ ဆားတို့ဖြင့် နယ်ကာ ဆီပူပူတွင် (၃) မိနစ်ခန့် ဟိုဘက်ဒီဘက် လှန်ကာ ကြော်ပြီး ဆယ်ထားပါ။
ထိုဆီထဲသို့ ကရဝေးရွက်နှင့် ပဲနံ့ သာစေ့တို့ကို ထည့်မွှေပြီး အနံ့ မွှေးလာလျှင် ထောင်းထားသော အနှစ်များကို ထည့်၍ ဆီသတ်ပါ။
အနှစ်များမွှေး၍ ကြွပ်လာလျှင် ကြက်သားများ ထည့်လုံးပါ။ အသားများ ကျစ်လာလျှင် အာလူးထည့်မွှေပြီး ရေနွေးကို နည်းနည်းချင်းစီ ထည့်၍ချက်ပေးပါ။
ကြက်သားနှင့် အာလူးများ နူးလာလျှင် ကုလားပဲအနှစ်အိုးထဲသို့ ထည့်မွှေပေးပါ။
ထို့နောက် ရေနွေးကို မပျစ်မကျဲ ရောပေး၍ အရသာမြည်းကာ စိတ်ကြိုက်ဖြစ်လျှင် မီးပိတ်ပေးလို့ရပါပြီ။
စားခါနီးလျှင် ပန်းကန်တစ်ခုထဲသို့ ပလာတာများ မွှထည့်ပေးပြီး အပေါ်မှ ကြက်သားအာလူးပဲရည်ဆမ်း၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပူစီနံနှင့် သံပုရာရည်ထည့်ကာ ရောမွှေပြီး သုံးဆောင်နိုင်ပါပြီ...
Source: ဟင်းချက်နည်းများ

MYKA Ecommerce

www.myka.com.mm

အညာထောင်းနှင့် တို့စရာ

အညာထောင်းနှင့် တို့စရာ




ပါဝင်ပစ္စည်းများ
ငရုတ်သီးခြောက် အနီတောင့်
ကြက်သွန်ဖြူ အလုံးသေး
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
ပဲဆီ စစ်စစ်

ပြုလုပ်နည်း
ငရုတ်သီးခြောက် အနီတောင့်များကို ရေဆေး ၊ ရေစစ်ပြီး ခြောက်အောင် ပိတ်စတခုနှင့် သုပ်ပါ။ ခြောက်သွားလျှင် မီးအေးအေးနှင့် လှော်ပေးပါ။
ကြက်သွန်ဖြူ အလုံးသေးများကို အခွံစင်အောင် မနွှာဘဲ အပေါ်ယံ အခွံလေးများ နွှာပြီး ရေဆေးပါ။
ငရုပ်ဆုံထဲတွင် ရေဆေးထားသော ကြက်သွန်ဖြူကို ထည့်ထောင်းပါ (ညက်နေအောင် ထောင်းစရာမလို) ၊ လှော်ထားသော ငရုတ်သီး ထည့်ထောင်းပြီး ဆား ၊ အချိုမှုန့် အနည်းငယ် ထည့်ထောင်းပြီးလျှင် ဆီလေး ပါလေကာ ဆန်းပြီး စားလို့ ရပါပြီ။

MYKA Ecommerce
www.myka.com.mm



ပင်​လယ်​စာသုပ်

ပင်လယ်စာသုပ်




ရေဘဝဲ ၃ ကောင် ကင်းမွန် ၂ဝ ကျပ်သား၊ ပုဇွန် ၃၀ ကျပ်သား တို့ ကို ရေဆေး သန့်စင်၍ ဆားဆနွင်း နယ်ပြီး ခဏပြုတ်ပါ။
သခွားသီး ၂ လုံး ခြစ်
ထားပါ။ ကြက်သွန်နီ ၂ လုံး၊ ခရမ်းချဉ်သီး ၁ လုံး လှီးထားပါ။
အချဉ်
အနှစ်အတွက် ငရုတ်သီးမှည့်အစို ၁၅ တောင့် ကြက်သွန်ဖြူ ဥကြီး ၁ ဥ၊ သံပုရာသီး တစ်လုံး အရည်ညှစ်ထည့်၊ ငံပြာရည၊် ဆား နဲနဲ၊ ငရုတ်ဆီ စတီးဇွန်း တစ်ဇွန်း ထည့်၊ နံနံပင်ပါ ထည့်ပြီး ချေထားပါ။
ပြီးရင်
ပင်လယ်စာတွေကို အနေတော် လှီးပြီး အစာပလာတွေထည့်၍ အချဉ်အနှစ် ထည့်နယ်ပါ။
အချဉ် ပေါ့အငန် မြည်းကြည့်ပါ။ ပြီးရင်တော့ ရပါပြီ။
Source: ပေစိလက်ရာ

MYKA Ecommerce
www.myka.com.mm



Thursday, January 4, 2018

ငါးခူဟင်း

ငါးခူဟင်း





ပါဝင်ပစ္စည်းများ
ငါးခူ အကောင်ကြီး - ၁ ကောင်
ခရမ်းချဉ်သီး - ၆ လုံး (ထူထူ လှီးထားပါ)
ကြက်သွန်နီ ဥကြီး - ၁ ဥ (ထောင်းထားပါ)
ကြက်သွန်ဖြူ ဥသေး - ၁ ဥ (ထောင်းထားပါ)
ဂျင်း - လက်တဆစ် (ထောင်းထားပါ)
ငရုတ်ခြောက်တောင့် - ၈ တောင့် (ထောင်းထားပါ)
နနွင်းမှုန့် - အနည်းငယ်
ဆီ - ၅ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
မဆလာ - အနည်းငယ်
ငရုတ်သီးစိမ်း - ၅ တောင့်
အချိုမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ငါးခူ အကောင်ကြီးကို သန့်စင် ဆေးကြောထားပါ။ ပြီးလျင် ကွင်းထားသည့် ငါးများကို ဆားနှင့် အချိုမှုန့် နယ်ပြီး အပေါ်ရေ တထပ်တင်း သွားအောင်ကြော်ပြီး ဆယ်ထားပါ။
အိုးထဲတွင် ကြော်ထားသည့် ဆီ ၅ ဇွန်းကို ထည့်၍ ရောထောင်းထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်း ၊ ငရုတ်ခြောက်တောင့် ၊ နနွင်းမှုန့် တို့ ကို ဆီသတ်ပါ ။
ကြက်သွန် အရောင်ပြောင်း၍ အနံ့မွှေးလာလျင် ခရမ်းချဉ်သီးကို ထည့်၍ ဆီသတ်ပါ။
ခရမ်းချဉ်သီးများ လိပ်လာလျင် ရေနွေး တခွက်ကျော်ကျော် ထည့်ပြီး အနှစ်များရရန် မီးအေးအေး နှင့် အဖုံးအုပ်၍ တည်ထားပါ ။
အနှစ်များ သေသေချာချာ ကြေသွားလျင် ငါးကြော်များကို ထည့်၍ အနှစ်များနှင့် ရောစပ် သမသွားအောင် အိုးကို သာသာလှုပ် ၊ အနှစ်များကို ဇွန်းဖြင့် အပေါ်ဘက်မှ တင်ပေးပါ။
ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ ငရုတ်သီးစိမ်း ၊ မဆလာ အနည်းငယ် ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
ခရမ်းချဉ်သီး အနှစ်များများလေးနှင့် အင်မတန် ကောင်းသည့် ငါးဟင်းတခွက် ရပါပြီ။


MYKA Ecommerce
www.myka.com.mm