Monday, January 1, 2018

ကင်းမွန်သံပုရာပေါင်း

ကင်းမွန်သံပုရာပေါင်း



ကင်းမွန်ငါးကြီးကြီး ........... ၃၀ ကျပ်သားခန့်
စပါးလင် ........................ ၂ ချောင်း
ကြက်သွန်ဖြူ ................... ၇ တက်
ငရုတ်သီးစိမ်း .................. ၅ တောင့်
ချင်းအမျှင်...................... အနည်းငယ်
တရုတ်နံနံ ...................... အနည်းငယ်
သကြား ၊ ဟင်းခတ်မှုန့် ....... လိုအပ်သလို
ငါးငံပြာရည်
သံပုရာရည် .................... မိမိနှစ်သက်သလို

ဂေါ်ဖီနှင့် မုန်လာဥနီအမျှင်ခြစ် လက်နှစ်ဆုပ်ခန့်ကို ပြင်ဆင်ထားပါ။
ကင်းမွန်ငါးတွေကို ရေဆေးသန့်စင်ပါ။ မိမိနှစ်သက်သလို အကွင်းကြီးကြီးဖြစ်စေ၊ ဓားနဲ့မွှန်း၍ဖြစ်စေ လှီးဖြတ်ပါ။
ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်းတို့ကို သီးသန့်စီညက်နေအောင် နုပ်နုပ်စဉ်းထားပါ။
အိုးတစ်လုံးအတွင်းမှာ စပါးလင်ဓားပြားရိုက်တစ်ခု၊ သံပုရာခွံ အနည်းငယ်ထည့်ပြီး ရေဆူလျှင် လှီးဖြတ်ထားတဲ့ ကင်းမွန်ငါးတွေကို ဖြူဖွေးသွားတယ်ဆိုရုံလေး ရေနွေးဖျောပါ။
ရေအေးလောင်း၊ အအေးခံပါ။
နောက်ထပ်အိုးတစ်လုံးမှာ ရေလီတာဝက်ခန့်ကို အခြားစပါးလင် ဓားပြားရိုက်တစ်ခုဖြင့် ဆူပွက်သည်အထိ အပူပေးပါ။
ဆူနေတဲ့ရေထဲသို့ အမျှင်ခြစ်ထားတဲ့ ဂေါ်ဖီနှင့်ဥနီအမျှင်များကို ထည့်ပြုတ်ပါ။ အနည်းငယ်နူးအိလာလျှင် ဇကာတစ်ခုဖြင့် စစ်ထုတ်ပြီး အအေးခံထားပါ။
ထိုအရွက်ပြုတ်ရည်ကို ရေစစ်ဇကာဖြင့် ပြန်စစ်ပြီး အပူပေးပါ။ အမျှင်လှီးထားတဲ့ ချင်း ၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတွေထည့်ပြီး အဖုံးပိတ်ထားပါ။
တစ်ပွက်ဆူလာပြီဆိုရင် ငါးငံပြာရည်၊ သံပုရာရည်၊ သကြား၊ ဟင်းခတ်မှုန့်၊ ဟင်းချက်ဝိုင်တို့ဖြင့် အရသာသွင်းပါ။ မီးပိတ်ပြီး ခေတ္တထားပါ။
ပြင်ဆင်မယ့်ပန်းကန်ရဲ့ အောက်ခြေမှာ ပြုတ်ထားတဲ့ဂေါ်ဖီနှင့် ဥနီအမျှင်တွေကို ဖြန့်ခင်းပါ။ ရေနွေးဖျောထားတဲ့ ကင်းမွန်ငါးတွေကို အလှဆင်ပြီး စီရီထည့်ပါ။
ချက်ထားတဲ့ ဆော့စ်ရည်ကိုပြန်လည်အပူပေးပါ။ ဆူလာလျှင် တရုတ်နံနံတစ်ဝက်ခန့် ထည့်မွှေပါ။
ပြင်ဆင်ထားတဲ့ ပန်းကန်ပေါ်သို့ ဆော့စ်ရည်တွေလောင်းချပြီး လက်ကျန်တရုတ်နံနံလေးဖြင့် အလှဆင်ပါ။


MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment