Saturday, January 6, 2018

ကြက်သားချိုချဉ်ကြော်

ကြက်သားချိုချဉ်ကြော်











ကြက်သားကို အတုံးသေးလေးတွေ တုံးထားပါ။
ဂျုံမှုန့် ၅ ဇွန်း၊ ကြက်ဥ တစ်လုံး၊ ဆား၊ အချိုမှုန့်၊ ရေ ထည့်ပြီး နယ်ပါ။ အသား ခဏ နှပ်ထားတုန်း အသီးအနှံလေးတွေ လှီးထားပါ (ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ) ပန်းကန်လုံးထဲ ကော်မှုန့် ၂ ဇွန်းကို အရေဖျော်ထားပါ။
ပန်းကန်လုံး နောက်တစ်လုံးထဲ ငရုတ်ဆော့၊ သကြား ၂ ဇွန်း၊ ဗင်နီဂါ ဇွန်းတစ်ဝက်၊ ဆား ထည့်ပြီး ရော မွှေထားပါ။ ခုနက နှပ်ထားတဲ့ ကြက်သားကို ကြော်ပါ။

မုန့်နှစ်အရည်ရောပါအောင် ကြက်သားတုံးလေးတွေကို ဇွန်းဖြင့် ခပ်ထည့်ပြီးကြော်ပါ (မီးမပြင်းရပါ)
ကြော်ပြီး ဆယ်ထားပါ။
အိုးထဲ ဆီ နည်းနည်းလေး ထည့်ပြီး ကြက်သွန်ဖြူ ထည့်ပါ။
ကြက်သွန်နီ၊ ခရမ်းချဉ်သီးထည့် အသီးအနှံ လှီးထားတာတွေ ထည့်ပါ။ 
ကြက်သားမှုန့် နည်းနည်းထည့်ပြီး မွှေပါ။
ပြီးလျှင် ရေထည့်ပြီး အဖုံးခဏ အုပ်ထားပါ။ အဖုံး ဖွင့်ကြည့်ပြီး ရေခမ်းခါနီးဆိုရင် ကော်ရည်ဖျော်ထားတာ ထည့်ပါ။ ငရုတ်အနှစ် ဖျော်ထားတာထည့်ပါ။ မွှေကြည့်လို့ အရမ်းကြီး ပျစ်ခဲနေလျှင် ရေ ထပ်ထည့်ပြီး မွှေပေးပါ။
အရသာ အချို အချဉ် အပေါ့ အငံ အနေတော်ပဲဆိုလျှင် ခုနက ကြော်ထားတဲ့ ကြက်သားစဥကြော်လေးတွေ ထည့်ပါ။ ကြက်သားစဥကြော်လေးတွေ ထည့်ပြီး မွှေပေးပါ။ ကြက်သားချိုချဉ်ကြော်လေး ရပါပြီရှင်....
Source: KhaingZin War
 
 
MYKA Ecommerce
www.myka.com.mm

 

No comments:

Post a Comment