Thursday, January 4, 2018

ငါးခူဟင်း

ငါးခူဟင်း





ပါဝင်ပစ္စည်းများ
ငါးခူ အကောင်ကြီး - ၁ ကောင်
ခရမ်းချဉ်သီး - ၆ လုံး (ထူထူ လှီးထားပါ)
ကြက်သွန်နီ ဥကြီး - ၁ ဥ (ထောင်းထားပါ)
ကြက်သွန်ဖြူ ဥသေး - ၁ ဥ (ထောင်းထားပါ)
ဂျင်း - လက်တဆစ် (ထောင်းထားပါ)
ငရုတ်ခြောက်တောင့် - ၈ တောင့် (ထောင်းထားပါ)
နနွင်းမှုန့် - အနည်းငယ်
ဆီ - ၅ ဇွန်း (ထမင်းစားဇွန်း)
ဆား - အနည်းငယ်
မဆလာ - အနည်းငယ်
ငရုတ်သီးစိမ်း - ၅ တောင့်
အချိုမှုန့် - အနည်းငယ်

ပြုလုပ်နည်း
ငါးခူ အကောင်ကြီးကို သန့်စင် ဆေးကြောထားပါ။ ပြီးလျင် ကွင်းထားသည့် ငါးများကို ဆားနှင့် အချိုမှုန့် နယ်ပြီး အပေါ်ရေ တထပ်တင်း သွားအောင်ကြော်ပြီး ဆယ်ထားပါ။
အိုးထဲတွင် ကြော်ထားသည့် ဆီ ၅ ဇွန်းကို ထည့်၍ ရောထောင်းထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်း ၊ ငရုတ်ခြောက်တောင့် ၊ နနွင်းမှုန့် တို့ ကို ဆီသတ်ပါ ။
ကြက်သွန် အရောင်ပြောင်း၍ အနံ့မွှေးလာလျင် ခရမ်းချဉ်သီးကို ထည့်၍ ဆီသတ်ပါ။
ခရမ်းချဉ်သီးများ လိပ်လာလျင် ရေနွေး တခွက်ကျော်ကျော် ထည့်ပြီး အနှစ်များရရန် မီးအေးအေး နှင့် အဖုံးအုပ်၍ တည်ထားပါ ။
အနှစ်များ သေသေချာချာ ကြေသွားလျင် ငါးကြော်များကို ထည့်၍ အနှစ်များနှင့် ရောစပ် သမသွားအောင် အိုးကို သာသာလှုပ် ၊ အနှစ်များကို ဇွန်းဖြင့် အပေါ်ဘက်မှ တင်ပေးပါ။
ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ ငရုတ်သီးစိမ်း ၊ မဆလာ အနည်းငယ် ဖြူး၍ သုံးဆောင်နိုင်ပါပြီ။
ခရမ်းချဉ်သီး အနှစ်များများလေးနှင့် အင်မတန် ကောင်းသည့် ငါးဟင်းတခွက် ရပါပြီ။


MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment