Monday, January 1, 2018

ဘဲဥချဉ်ပေါင်စပ်ချဉ်ဟင်း

ဘဲဥချဉ်ပေါင်စပ်ချဉ်ဟင်း



တစ်ခါတလေ အသားတွေ စားရတာ ရိုးလာတဲ့အခါ ဘဲဥဟင်းလေးက ထမင်းမြိန်စေမှာပါ။
အရင်ဆုံး ဘဲဥကို ပြုတ်ပြီး အလုံးလိုက် ဓားရာလေးတွေ ပေးထားပါ။
ကြက်သွန်နီ၂ ဥ၊ အဖြူ ၁ ဥ၊ ငရုတ်သီး ခွဲကြမ်းမှုန့် တစ်ဇွန်းလောက် ရောထောင်းပြီး ငရုတ်သီးစိမ်း ၁၀ တောင့်လောက် ဒီတိုင်းလေး ထည့်ပါ။ ကိုင်းခရမ်းချဉ်သီး တစ်လုံး၊ ချဉ်ပေါင် လက် နှစ်ဆုပ်၊ ဆားနဲနဲ၊ ငပိ လက်မလောက်ကို ရောပြီး အိုးထဲအကုန်ထည့်၊ ရေလေးနဲနဲထည့်၊ ဆီ စတီးဇွန်းတစ်ဇွန်းရယ် လုံးချက်ပါ။ ချဉ်
ချဉ် ငံငံ စပ်စပ် အရသာရှိပါတယ်။
အချဉ်အတွက် မကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်လဲ သုံးနိုင်ပါတယ်။
Source: ပေစိလက်ရာ

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment