ကရင်ငပိထောင်းမှာ ပါဝင်တာကတော့
၁။ ငြုပ်သီး ၄၅ တောင့်
၁။ ငြုပ်သီး ၄၅ တောင့်
၂။ ချင်း အနည်းငယ်
၃။ ကြက်သွန်ဖြူ ၁၂ တက်ခန့်
၎။ ကြက်သွန်နီ အလတ် ၁ ဥ
၅။ နံနံပင် ၅ ပင်
၆။ ငပိအနှစ် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၇။ ကြက်သားမှုန့် အနှစ် ၁ တုံး
၈။ ဆား လက်ဖက်ရည် ဇွန်း ၂ ဇွန်း၊ အချိုမှုန့် လက်ဖက်ရည် ဇွန်း ၂ ဇွန်း ဖြစ်ပါတယ်။

ငြုပ်သီးနှင့် ဆား
တူတူထောင်းပေးပါ (ညက်သည်အထိ) ပြီးရင် ထောင်းပြီးသား ငြုပ်သီးနှင့် ဆားကို
ပန်းကန်လုံး ထဲသို့ ထည့်ပါ။
ပြီးရင် ကြက်သွန်ဖြူ ၊ချင်း၊ အချိုမှုန့် ရောထည့်ပြီး ထောင်းပေးပါ။ ကြက်သွန်နီ၊ ငပိ အနှစ်၊ ကြက်သားမှုန့် အနှစ် ရောထည့်ပြီး ထောင်းပေးပါ။
နောက်ဆုံး ထောင်းထားတဲ့ ငြုပ်သီးနှင့် ဆားကို ငရုပ်ဆုံထဲသို့ အားလုံးရောပြီး ထပ်ထောင်းပါ။ နောက်ဆုံး နံနံပင်လေးကို ထောင်းထည့်ပြီး စားချင်စဖွယ် ဟင်းကောင်းတစ်လက်ဖြစ်တဲ့ ကရင်ငပိထောင်း ရပါပြီ။ ပူပူနွေးနွေး ထမင်းလေးနဲ့ သုံးဆောင်လို့ ရပြီနော်....

ကြာကြာအထားခံချင်ရင် ဆီအနည်းငယ် စိမ်ပေးထားလို့ရပါတယ်နော်…
Source:
ပေစိလက်ရာ
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment