Thursday, January 4, 2018

မျှစ်ချဉ်နှင့်ဝက်သား

မျှစ်ချဉ်နှင့်ဝက်သား



ပါဝင်ပစ္စည်းများ
ဝက်သား - ၇၀ ကျပ်သား
မျှစ်ချဉ် - ၁၅ ကျပ်သား (၂ ခါ ပြုတ်ထားပါ)
ခရမ်းချဉ်သီး အသေး - ၁၀ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီ အကြီး - ၂ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ အသေး - ၂ လုံး (ထောင်းထားပါ)
ငါးငံပြာရည် - ၃ ဇွန်း (ထမင်းစားဇွန်း)
နနွင်းမှုန့် (အနည်းငယ်)
အရောင်တင်မှုန့် (အနည်းငယ်)
ဆား (အနည်းငယ်)

ပြုလုပ်နည်း
ဝက်သားကို ဆေးပြီး ရေစစ်ထားပါ။
အိုးထဲတွင် ဝက်သား ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ဆား ၊ ငံပြာရည်တို့ ထည့်၍ အသေအချာလုံးပါ။
အသားအရောင် ပြောင်းသွားလျှင် ရေနွေးကို ဝက်သား မြုပ်ရုံထည့်၍ အဖုံးအုပ်ပြီး မီးအေးအေးဖြင့် တည်ထားပါ။ အသားနူးသည် အထိ ရေနွေးကို နည်းနည်း ထပ်ထပ် ထည့်၍ တည်ပါ။
အသားနူးခါနီးတွင် ပြုတ်ထားသော မျှစ်ချဉ်ကို အသားအိုးထဲ ထည့်၍ သေသေချာချာ အသားနှင့် ရောထည့်လိုက်ပါ။ အသားနှင့် မျှစ်ချဉ် နူးအိသွားလျှင် အပေါ့အငံ မြည်း၍ မီးဖိုပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ။
ဝက်သားမျှစ်ချဉ်သည် ငရုတ်သီးဆားထောင်းနှင့် လိုက်ဖက်သည်ဖြစ်၍ တွဲဖက်၍ စားသုံးနိုင်ပါသည်။
Source: WinWin KT. FOOD at HOME

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment