Monday, January 1, 2018

ခေါက်ဆွဲကြော်

ခေါက်ဆွဲကြော်




ခေါက်ဆွဲ ၁ စည်း ကို ပြုတ်ကာ ရေအေးဖြင့် တစ်ထပ်ဆေး၍ ရေစစ်ပြီး ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် ဟင်းခပ်ဇွန်း ၁ ဇွန်း (အရောင် 
ရင့်တာ ကြိုက်ရင် ပိုထည့်)၊ ကြက်သားမှုန့် ၁ ဇွန်းတို့ကို ထည့်ပြီး သမအောင် နယ်ထားပါ။ (နယ်ပြီးရင်
အရသာ မြည်းကြည့်ပြီး လိုသလို ပြုပြင်ပါ။
ဝက်သား (သို့ ) ကြက်သား ၁၅ ကျပ်သားကို အတုံးသေးသေးလှီးကာ ဆား အနည်းငယ်ဖြင့်
နယ်ထားပါ။
ကြက်သွန်ဖြူ အမွှာကြီး ၆ မွှာ(ဓါးပြား ရိုက်ထားပါ)
ကြက်သွန်နီ ၁ လုံး၊ ဂေါ်ဖီ ၁ စိတ်၊ ဥနီ အနေတော်အရွယ် ၂ လုံး၊ မုန်ညင်းရွက် ၅ ရွက်ခန့် (တခြားမိမိ နှစ်သက်သော အသီးအရွက်များလည်း ထည့်နိုင်သည်) ကို အနေတော်အရွယ် မထူမပါး လှီးထားပါ။
ဆီ ၅ ကျပ်သားခန့်ကို အပူပေး၍ လှီးထားသော ဝက်သားများထည့်ပါ။ ရေပါထည့်၍ ကျက်အောင်
ကြော်ပါ။ ဝက်သားနူး၍ ဆီပြန်လာရင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ ထည့်ကာ အနံ့မွှေးလာတဲ့ အထိ မွှေကြော်ပါ။ ထို့နောက် လှီးထားသော အသီးအရွက်များ ထည့်ပါ။ ဆားအနည်းငယ် ထည့်
ပြီး အစိမ်းနံ့ပျောက်ရုံ မွှေကြော်ပေးပါ။ ထို့နောက် ကြက်ဥ ၁ လုံး ဖောက်ထည့်ကာ ထပ်မံ၍ မွှေပေးပါ။
ပြီးရင် ခေါက်ဆွဲများထည့်၍ သမအောင် မွှေပေးကာ ၃ မိနစ်ခန့် ထားပြီးရင် အပေါ်မှ ငရုတ်ကောင်းမှုန့်လေး ဖြူးပြီး ချလို့ ရပါပြီ။

 MYKA Ecommerce
www.myka.com.mm



No comments:

Post a Comment