Friday, January 5, 2018

အညာထောင်းနှင့် တို့စရာ

အညာထောင်းနှင့် တို့စရာ




ပါဝင်ပစ္စည်းများ
ငရုတ်သီးခြောက် အနီတောင့်
ကြက်သွန်ဖြူ အလုံးသေး
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
ပဲဆီ စစ်စစ်

ပြုလုပ်နည်း
ငရုတ်သီးခြောက် အနီတောင့်များကို ရေဆေး ၊ ရေစစ်ပြီး ခြောက်အောင် ပိတ်စတခုနှင့် သုပ်ပါ။ ခြောက်သွားလျှင် မီးအေးအေးနှင့် လှော်ပေးပါ။
ကြက်သွန်ဖြူ အလုံးသေးများကို အခွံစင်အောင် မနွှာဘဲ အပေါ်ယံ အခွံလေးများ နွှာပြီး ရေဆေးပါ။
ငရုပ်ဆုံထဲတွင် ရေဆေးထားသော ကြက်သွန်ဖြူကို ထည့်ထောင်းပါ (ညက်နေအောင် ထောင်းစရာမလို) ၊ လှော်ထားသော ငရုတ်သီး ထည့်ထောင်းပြီး ဆား ၊ အချိုမှုန့် အနည်းငယ် ထည့်ထောင်းပြီးလျှင် ဆီလေး ပါလေကာ ဆန်းပြီး စားလို့ ရပါပြီ။

MYKA Ecommerce
www.myka.com.mm



No comments:

Post a Comment