Friday, January 5, 2018

ကြက်သားဟင်းနဲ့  ပြည်ပလာတာ ချက်နည်း

ကြက်သားဟင်းနဲ့  ပြည်ပလာတာ ချက်နည်း





ပြည် ပလာတာ (၁၀ ယောက်စာ)
ပလာတာ ၁၅ ချပ်
ကြက်သား ၅၀ ကျပ်သား
အာလူး ၃၅ ကျပ်သား
ကုလားပဲ ၂၀ ကျပ်သား
ငရုတ်ပွခြောက် ၆ တောင့်
ကြက်သွန်နီ ၄ လုံး
ချင်း လက်တစ်ဆစ်
ကရဝေးရွက် ၂ ခု
ပဲနံ့ သာစေ့ လက်ဖက်ရည်ဇွန်း၂ ဇွန်း
မဆလာ အနည်းငယ်
ဆီ စားပွဲတင်ဇွန်း ၁၀ ဇွန်း
ဂေါ်ဖီထုပ် တစ်စိတ် (ခြစ်ထားပါ)
ကြက်သွန်နီ ၅ လုံး (ပါးပါး လှီးထားပါ)
ငရုတ်သီးစိမ်း အနည်းငယ်
သံပုရာသီး ၅ လုံး
ပူစီနံ ၂ စည်း
ကုလားပဲများကို (၃) နာရီခန့် ရေစိမ်ပြီး နူးအောင် ပြုတ်ထားပါ။ ပဲနူးလျှင် အအေးခံ၍ ကြိတ်စက်(Blender) ထဲသို့ ထည့်ကြိတ်ကာ အိုးအကြီးတစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။
ကြက်သားများကို အရွယ်တော်အတုံးများ တုံး၍ ရေဆေးပြီး အရသာမှုန့်၊ နနွင်းမှုန့်၊ ဆား ၊ မဆလာတို့ဖြင့် နယ်ကာ ရေခဲသေတ္တာထဲတွင် (၂)နာရီခန့် နှပ်ထားပါ။
ငရုတ်ပွခြောက်ကို ရေစိမ်၍ အစေ့ထုတ်ပြီး ကြက်သွန်နီ၊ ချင်းတို့နှင့် ရောကာ ညက်အောင် ထောင်းထားပါ။
အာလူးများကို အခွံခွာ၍ လေးစိတ်စိတ်ကာ ရေစင်အောင်ဆေးပါ။ ထို့နောက် အရသာမှုန့်၊ ဆားတို့ဖြင့် နယ်ကာ ဆီပူပူတွင် (၃) မိနစ်ခန့် ဟိုဘက်ဒီဘက် လှန်ကာ ကြော်ပြီး ဆယ်ထားပါ။
ထိုဆီထဲသို့ ကရဝေးရွက်နှင့် ပဲနံ့ သာစေ့တို့ကို ထည့်မွှေပြီး အနံ့ မွှေးလာလျှင် ထောင်းထားသော အနှစ်များကို ထည့်၍ ဆီသတ်ပါ။
အနှစ်များမွှေး၍ ကြွပ်လာလျှင် ကြက်သားများ ထည့်လုံးပါ။ အသားများ ကျစ်လာလျှင် အာလူးထည့်မွှေပြီး ရေနွေးကို နည်းနည်းချင်းစီ ထည့်၍ချက်ပေးပါ။
ကြက်သားနှင့် အာလူးများ နူးလာလျှင် ကုလားပဲအနှစ်အိုးထဲသို့ ထည့်မွှေပေးပါ။
ထို့နောက် ရေနွေးကို မပျစ်မကျဲ ရောပေး၍ အရသာမြည်းကာ စိတ်ကြိုက်ဖြစ်လျှင် မီးပိတ်ပေးလို့ရပါပြီ။
စားခါနီးလျှင် ပန်းကန်တစ်ခုထဲသို့ ပလာတာများ မွှထည့်ပေးပြီး အပေါ်မှ ကြက်သားအာလူးပဲရည်ဆမ်း၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပူစီနံနှင့် သံပုရာရည်ထည့်ကာ ရောမွှေပြီး သုံးဆောင်နိုင်ပါပြီ...
Source: ဟင်းချက်နည်းများ

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment