ကြက်သံပုရာပေါင်း
ကြက်သား အခြမ်းလိုက်ကို ငါးသံပုရာပေါင်းသလို ပေါင်းထားတာပါ။ အရသာကို အသားထဲ စိမ့်ဝင်အောင် ဆား၊ သကြား၊ သံပုရာရည်နဲ့ တစ်ည နှပ်ထားပါတယ်။ စကာပါတဲ့ ပေါင်းအိုးနဲ့ ပေါင်းထားတာဆိုတော့ အသားတွေ ကြေမသွားပဲ နူးအိပြီး စားလို့ အရမ်းကောင်းပါတယ်။
ပါဝင်သောပစ္စည်းများ
CP ကြက် – ၁ ခြမ်း
ငံပြာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုရာရည် – စားပွဲတင်ဇွန်း ၄ ဇွန်း
ငရုတ်သီးစိမ်း – ၇ တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၅ မွှာ (နုတ်နုတ်စင်း)
ချင်း -လက် တစ်ဆစ် (နုတ်နုတ်စင်း)
စပါးလင် - ၁ ပင် (နုတ်နုတ်စင်း)
ရှမ်းနံနံ - ၅ ရွက် (ပါးပါးလှီးပါ)
နံနံပင် - လက်တစ်ဆုပ် (ပါးပါးလှီး)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်း
အရင်ဆုံး ကြက်သားထဲ အရသာစိမ့်ဝင်အောင် ဓါးနဲ့ မြှောင်းပြီး ဆား၊ သကြား၊
သံပုရာရည်နဲ့ သမအောင်နယ်ပေးပါ။
ပြီးရင် ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညနှပ်ထားပါ။
ကြက်သား ပေါင်းမည့်အိုးထဲ စပါးလင်တစ်ပင်၊ ချင်း လက်တစ်ဆစ်နှင့် ရေထည့်ပါ။
စကာပေါ် နှပ်ထားတဲ့ ကြက်သားကို ထည့်ပြီး မိနစ် ၂၀/၂၅ ခန့် ပေါင်းပေးပါ။
ကြက်သား ကျက်ပြီဆိုရင် ကြက်သားကို ပန်းကန်ထဲ ပြောင်းထည့်ပါ။
ဆော့ရည်အတွက် ပြင်ဆင်ပါမည်။
ဆော့ရည်အတွက် ကျန်တဲ့ ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်ခုထဲသို့ ထည့်ပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်းရည် အနည်းငယ်နဲ့ သမအောင် ရောပေးပါ။
အရသာမြည်းပါ။ လိုသလိုပြင်ပါ။
ပြီးရင် ဆော့ရည်ကို ပန်းကန်ထဲက ကြက်သားပေါ် လောင်းချပါ။
သံပုရာသီးတစ်လုံးကို အကွင်းလိုက် လှီးပြီး ကြက်သားပေါ် စီထည့်ပါ။
အခုဆိုရင် စားလို့ အရမ်းကောင်းတဲ့ ကြက်သံပုရာပေါင်းလေး ရပါပြီ....
Source: Kyaw Min Htwe

MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment