Tuesday, January 2, 2018

ပုစွန်ချဉ်စပ်အစိမ်းသုပ်

ပုစွန်ချဉ်စပ်အစိမ်းသုပ်



ပုစွန်အစိမ်း................... ၂၀ ကျပ်သား
ငရုတ်သီးစိမ်းနီ............... ၁၀ တောင့်
ကြက်သွန်ဖြူ.................. ၅ တက်
သဘောင်္သီးစိမ်း............... ၁ စိတ်
ခရမ်းချဉ်သီး................... ၂ လုံး
ရှမ်းနံနံ.......................... အနည်းငယ်
သံပုရာသီး...................... ၃ လုံး
ငါးငံပြာရည်..................... ၂ ဇွန်း
သကြား.......................... ၁ ဇွန်း
ဟင်းခတ်မှုန့် +ကြက်သားမှုန့်......... အနည်းငယ်စီ

ပထမဆုံး ပုစွန်တွေကို ခေါင်းချိုးပြီး အခွံခွာပါ။
ဆားနှင့် သံပုရာရည်လေး အနည်းငယ် ညှစ်ပြီး အရသာနယ်ကာ နှပ်ထားပါ။
ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းနီကို နုပ်နုပ်စဉ်းပါ။
သင်္ဘောသီးစိမ်းကို အမျှင်ခြစ်ပါ။ ခရမ်းချဉ်သီးနှင့် ရှမ်းနံနံကို ပါးပါးလှီးပါ။
ငါးငံပြာရည်နှင့် သကြား၊ ကြက်သားမှုန့်၊ ဟင်းခတ်မှုန့်တို့ကို ပျော်ဝင်ရုံလေး အပူပေးကာ အအေးခံထားပါ။
ဇလုံတစ်ခုအတွင်းမှာ အပူပေးထားသော ငါးငံပြာရည် အရောထဲသို့ သံပုရာသီးညှစ်ထည့်ပါ။ သံပုရာအခွံလေးတွေပါ ထည့်ပါ။
နုပ်နုပ်စဉ်းထားတဲ့ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူ အရောကို ထည့်မွှေပေးပါ။
ပျော်ဝင်သွားပြီဆိုရင် အမျှင်ခြစ်ထားတဲ့ သင်္ဘောသီးစိမ်းနှင့် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ ရှမ်းနံနံတို့ကို ထည့်မွှေပါ။
နောက်ဆုံးမှ အရသာနယ်ထားတဲ့ ပုစွန်အစိမ်းတွေ ထည့်ပြီး သမအောင် မွှေပေးလိုက်ရုံပါ။


MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment