ဆီမပါတဲ့
ရခိုင်ငါးငရုပ်သီးချက်နဲ့ တို့ စရာအစုံ တခွက်ထဲနဲ့ စားလို
့ကောင်းမယ့် ထမင်းပွဲပါ။
ပါဝင်ပစ္စည်းများ
ငါးရွှေ ( သို့ မဟုတ်) ငါးကြင်း - ၂၀ ကျပ်သား
ကြက်သွန်နီ ဥကြီး - ၁ ဥ (မထူမပါး လှီးထားပါ)
ခရမ်းချဉ်သီး - ၆ လုံး (ထူထူ လှီးထားပါ)
ငါးပိ - ကွမ်းသီးလုံး ၃ လုံးခန့်
ငရုပ်သီးစိမ်း အတောင့် - ၂၀ ခန့် (ထောင်းထားပါ)
နံနံပင် - အနည်းငယ်
မန်ကျည်းသီး - အနည်းငယ်
ပြုလုပ်နည်း
ငါးရွှေ (သို့မဟုတ်) ငါးကြင်းကို ရေဆေး သန့်စင်ပြီး အိုးထဲတွင်း ငါးကို ရေမြုပ်ရုံ ထည့်၍ ပြုတ်ပါ။
ငါးကျက်လျင် အအေးခံ၍ အသားနွှင်ထားပါ။ ငါးအသား နွှင်သည့်အခါ အတုံးလေးများဖြစ်အောင် နွှင်ပါ။ ငါးအသားကို ကျေအောင် မဖြစ်ညစ်ရပါ။
ငါးပြုတျရည်အိုးထဲတွင် ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ထောင်းထားသည့် ငရုပ်သီးစိမ်းအတောင့်နှင့် ငါးပိ ကွမ်းသီးလုံး ၃ လုံးခန့်ကို ထည့်ပြီး တည်ပါ။
နံနံပင်နဲ့ မန်ကျည်းသီးလေး စိမ်ထားပါ။
ငါးပိစိမ်းနံ့ ပျောက်၍ ကြက်သွန်နီနှင့် ခရမ်းချဉ်သီး ပျော့လာလျင် နွှင်ထားသည့် ငါးကို ထည့်ပါ။
ပြီးလျင် မန်ကျည်းမှည့်အရည် ထည့်ပါ။
နောက်ထပ် ၁၀ မိနစ်ခန့် ထပ်တည်ပြီးလျင် အရသာ အပေါ့အငံ မြည်း၍ နံနံပင် အုပ်ပါ။
ငါးအသားလေး မကျေဘဲ အတုံးလေးနဲ့ အရသာရှိတဲ့ ငါးငရုပ်သီးချက်လေး ရပါပြီ။
Source: FOOD at HOME

MYKA Ecommerce
www.myka.com.mm