Friday, December 29, 2017

မန္တလေးပဲကြော်

မန္တလေးပဲကြော်



ဘိုကိတ်ပဲ                 ၂ ခွက်
ကောက်ညှင်းမှုန့်         ၅ ဇွန်း
ချင်းသေးသေး           ၁ တက်
ကြက်သွန်ဖြူ             ၃ တက်
ဆား+ ဟင်းခတ်မှုန့်    အနည်းငယ်စီ

ဘိုကိတ်ပဲကို အနည်းဆုံး (၃) နာရီခန့် ရေကြိုစိမ်ပြီး နူးအာင်ပြုတ်ပါ။
ရေခမ်းပါစေ။ မအိပြဲသွားပါစေနှင့်။
ထိုစဉ်အတွင်း ချင်း+ ကြက်သွန်ဖြူ ကို ညက်နေအောင် ထောင်းထားပါ။
ပဲနူးပြီဆိုရင်တော့ ငရုတ်ဆုံမှာ ထည့်ပြီး မညက်တညက် ထောင်းပါ။
ဇလုံတစ်ခု အတွင်းမှာ ထောင်းထားသော ပဲ၊ ချင်း+ကြက်သွန်ဖြူ အရော၊ ကောက်ညှင်းမှုန့် ၊ အရသာထည့်ပြီး ရေကို လိုအပ်သလောက် အနည်းငယ်ချင်းစီ ထည့်ပြီး စေးထွေးထွေးသော အနေအထားမျိုး ရအောင်နယ်ပါ။
ဆီကို မီးရှိန်အေးအေးဖြင့် အရှိန်ရအောင် အပူပေးထားပါ။
ဒိုးပြား ဝိုင်းကြီးကြီး အနေအထားရအောင် ဖိပြားပြီး ဆီပူပူမှာ ဟိုဖက်ဒီဖက် လှည့်ကြော်ပေးပါ။
အတွင်းသားတွေ ကျက်ပြီး အနားသားတွေ ကြွပ်မွနေတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ယူ စစ်ထားပါ။

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment