Wednesday, January 3, 2018

သခွားသီးရခိုင်သုပ်




ရှူးရှူးရှဲရှဲ ရခိုင်သုပ်ဆိုတော့ ရခိုင်ငါးပိကောင်းကောင်းနဲ့ ငရုတ်သီးစိမ်းက အဓိကပေါ့နော်။ ဆီမပါတော့ အကုန်အကျလည်း သက်သာတာပေါ့။ ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့။ ဒါပေမဲ့ အစပ်မစားနိုင်တဲ့သူတွေ အတွက်ကတော့ အစပ်လျော့စားနော်။
ငါးပိစိမ်းစား ၊ ငရုတ်သီး စိမ်း၊ ကြက်သွန်ဖြူတို့ကို မီးဖုတ်(သို့) လှော်ပြီး အားလုံးရောပြီး
ရခိုင်ငါးပိ ထောင်းသလိုမျိုး ထောင်းထားပါ။ 
သခွားသီးကို ခြစ်နဲ့ အမြောင်းရှည်လေးတွေ ရအောင်ခြစ်ယူပါ။ အထဲက အစေ့တွေမယူဘဲ အပြင်က
အသားတွေပဲ ခြစ်ပါ။ ပြီးရင် ငါးပိထောင်းကို ကိုယ်အစပ်စားနိုင်သလောက်ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထည့်၊ သံပုရာသီး ညှစ်ထည့်၊ အရသာမှုန့်အနည်းငယ်၊ နံနံပင်တို့ ကို ထည့်သုပ်ရင်ရပါပြီ။
Source: Hlaing Hlaing

 MYKA Ecommerce
www.myka.com.mm


1 comment:

  1. Playtech casino in Pakistan - JT Hub
    Playtech casino in Pakistan is 서울특별 출장안마 a well-known brand in India. The company 안성 출장마사지 offers a wide range of betting and 부산광역 출장샵 poker games and 남양주 출장안마 many 광주 출장안마

    ReplyDelete