Friday, December 29, 2017

မန္တလေးပဲကြော်

မန္တလေးပဲကြော်



ဘိုကိတ်ပဲ                 ၂ ခွက်
ကောက်ညှင်းမှုန့်         ၅ ဇွန်း
ချင်းသေးသေး           ၁ တက်
ကြက်သွန်ဖြူ             ၃ တက်
ဆား+ ဟင်းခတ်မှုန့်    အနည်းငယ်စီ

ဘိုကိတ်ပဲကို အနည်းဆုံး (၃) နာရီခန့် ရေကြိုစိမ်ပြီး နူးအာင်ပြုတ်ပါ။
ရေခမ်းပါစေ။ မအိပြဲသွားပါစေနှင့်။
ထိုစဉ်အတွင်း ချင်း+ ကြက်သွန်ဖြူ ကို ညက်နေအောင် ထောင်းထားပါ။
ပဲနူးပြီဆိုရင်တော့ ငရုတ်ဆုံမှာ ထည့်ပြီး မညက်တညက် ထောင်းပါ။
ဇလုံတစ်ခု အတွင်းမှာ ထောင်းထားသော ပဲ၊ ချင်း+ကြက်သွန်ဖြူ အရော၊ ကောက်ညှင်းမှုန့် ၊ အရသာထည့်ပြီး ရေကို လိုအပ်သလောက် အနည်းငယ်ချင်းစီ ထည့်ပြီး စေးထွေးထွေးသော အနေအထားမျိုး ရအောင်နယ်ပါ။
ဆီကို မီးရှိန်အေးအေးဖြင့် အရှိန်ရအောင် အပူပေးထားပါ။
ဒိုးပြား ဝိုင်းကြီးကြီး အနေအထားရအောင် ဖိပြားပြီး ဆီပူပူမှာ ဟိုဖက်ဒီဖက် လှည့်ကြော်ပေးပါ။
အတွင်းသားတွေ ကျက်ပြီး အနားသားတွေ ကြွပ်မွနေတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ယူ စစ်ထားပါ။

MYKA Ecommerce
www.myka.com.mm


Thursday, December 28, 2017

ကြက်သား ပဲရည်သုပ်

ကြက်သား ပဲရည်သုပ်





ပါဝင်ပစ္စည်းများ
ကြက်သား
အသဲအမြစ်
မွှေးပဲ အစိမ်းမုန့်
ကြက်ဥ
ဆား
အချိုမှုန့်
ဆနွင်း
ရေ
ဂေါ်ဖီ
ကြက်သွန်နီ
ရှောက်ရွက်
ငရုပ်သီးစိမ်း
ငရုပ်သီးမှုန့်
သံပုရာသီး
ငံပြာရည်
ဟင်းခတ်မှုန့်

ပြုလုပ်နည်း
မွှေးပဲအစိမ်းမုန့် တစ်ထုပ်ကို ဆား ၊ အချိုမှုန့် ၊ ဆနွင်း နည်းနည်းထည့်ပြီး ရေဖျော်ထားပါ။
ကြက်သားကို ရေဆေး သန့်စင်ပြီး ဆား ၊ ဆနွင်း နယ်ပြီး ရေနဲ့ပြုတ်ပါ။ နူးလာရင် ဆယ်ထားပါ။
ကြက်ပြုတ်ရည်ထဲကို ရေဖျော်ထားတဲ့ ပဲရည်တွေ ထည့်ပြီး ကျိုပါ။ 
မပြတ်မွှေပေးပါ။ 
ပဲအစိမ်းနံ့ ပျောက်ပြီး မွှေးလာရင် ခေါက်ထားတဲ့ ကြက်ဥတစ်လုံးကို ထည့်ပါ။ 
ဆူပွက်လာရင် ရပါပြီ။
ကြက်သားနှင့် အသဲအမြစ်ကို အနေတော် လှီး၍ ပဲရည်ဆမ်းပြီး ဂေါ်ဖီ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ငရုပ်သီးစိမ်း ၊ ငရုပ်သီးအမှုန့်ရော ထည့်ပြီး၊ သံပုရာညှစ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့် ထည့်ပြီး ချဉ်ချဉ်စပ်စပ် သုပ်စားပါ။
Source: Food At Home


MYKA Ecommerce
www.myka.com.mm


အမဲသားနှပ်

အမဲသားနှပ်



ဒီနေ့တော့ သွေးအားကောင်းပြီး အဟာရဓါတ်တွေ များစွာပါဝင်တဲ့ အမဲသားကို ချက်စားကြမယ်နော်... 

ပါဝင်ပစ္စည်းများ
အမဲသား
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ချင်း
ဆား ၊ အချိုမှုန့် ၊ ငံပြာရည်
ရှာလကာရည်
နနွင်းမှုန့် ၊ မဆလာ
ငရုတ်သီးအဖတ်
ဆီ

ပထမဦးစွာ အမဲသားကို ပါးပါးလေးတွေ ဖြစ်အောင်
လှီးထားပြီး ဆား ၊ အချိုမှုန့် ၊ ငံပြာရည် ၊ ရှာလကာရည်၊ နနွင်းမှုန့် ၊ မဆလာတို့ ဖြင့် နယ်ပြီး နှပ်ထားပါ။ အမဲသားမှာ အနံ့ရှိလို့ မဆလာကို များများထည့်ပေးပါ။
ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်းတို့ကို များများ ကြိတ်ထားပါ။ ကြိတ်စက်မရှိလျှင်လည်း ဓါးဖြင့် သေးသေးလေးတွေ လှီးထားပါ။
ဆီပူနေသော ဒယ်အိုးထဲသို့ ကြိတ်ထားသော ကြက်သွန်နှင့် ချင်းများကို ထည့်ပြီး ဆီသက်ပါ။
အဲ့ဒီနောက် အမဲသားများကို ထည့်ပြီး ရောမွှေပါ။
အမဲသားများ မြုပ်သည်အထိ ရေများထည့်ပြီး အဖုံးဖုံးထားပါ။
ရေခမ်းခါနီးတွင် နောက်ထပ် တစ်ခါ ရေထပ်ထည့်ပါ။ အမဲသား မနူးမှာစိုးလို့ပါ။
ဒုတိအကြိမ် ရေခမ်းခါနီးတွင် အနှစ်များနှင့် အမဲသားများကို မွှေပေးပါ။
အစပ်ကြိုက်လျှင် ငရုတ်အဖတ်လေးတွေ ထည့်ပေးပါ။
ရေများ ခမ်းသွားလျှင် အမဲသားနှပ် ရပါပြီ။ အနံ့ကတော့ ပြောစရာမလိုအောင် မွှေးကြိုင်ပြီး အရသာရှိလှပါတယ်.... 

 MYKA Ecommerce
www.myka.com.mm


ရှမ်းထမင်းကြော်

ရှမ်းထမင်းကြော်





၁။ ထမင်းကြော် ကောင်းစေချင်ရင် ထမင်း အနေအထားက ကောင်းရပါမယ်။ ထမင်းကြမ်းနဲ့ ကြော်ပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ တစ်နာရီလောက် အအေးခံထားပြီး ဆား၊ ပဲငံပြာရည် နဲ့ နယ်ပါ။
၂။ ကြက်၊ ၀က်၊ ပုစွန် ကြိုက်တာနဲ့  ကြော်လို့ ရသလို ကြက်ဥ ဒါမှမဟုတ် အသားမပါဘဲ ကြော်လို့ ရပါတယ်။ အသားကို ကြိတ်ထားတာ ထည့်ရင်ရသလို ပြုတ်ထားတာကိုလည်း ပါးပါးလှီးထည့်လို့ ရတယ်။
၃။ ခရမ်းချဉ်သီးကို တစ်ပွဲစာကို တစ်လုံးနှုန်း နဲ့ သေးသေးလှီးထားပါ။
၎။ ကြက်သွန်နီကို ကြီးကြီးလေး အကွင်းလိုက် လှီးပါ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပါ။ နှစ်သက်သလောက် ထည့်ပါ။
၅။ ကြက်ဥနဲ့ အသီးအရွက်တွေကိုတော့ နှစ်သက်တာ ထည့်ပါ။
၆။ ငရုပ်သီး အကြမ်းဖတ်နဲ့  ငရုပ်သီးစိမ်းပါးပါး လှီးထည့်လို့ ရပါတယ်။

အရင်ဆုံး အိုးထဲကို ဆီထည့်ပါ။ အသားကို အရင်ထည့်ပြီး အသားကျက်ရင် ခရမ်းချဉ်သီး ထည့်ပါ။ နွမ်းလာတဲ့ အထိ မွှေပေးပါ။ ကြက်သွန်နီ ထည့်ပြီး နွမ်းလာပြီဆိုရင် ကျန်တဲ့ အသီးတွေထည့်ပါ။ ငရုပ်သီး ထည့်ပါ။ ကြက်သားမှုန့် (သို့ ) ဟင်းချိုမှုန့် နှစ်သက်ရာ ထည့်ပါ။ ၂ မိနစ်လောက် သမအောင် မွှေပြီးရင် ထမင်းထည့်ပြီး မွှေပါ။ ကြက်ဥခေါက်ပြီး အပေါ်ကနေ လောင်းထည့်ပြီး မွှေပါ။ အရသာကတော့ မိမိ နှစ်သက်သလို ထည့်ပါ။ ဥပမာ အငန်ကြိုက်ရင် အငန်၊ ပေါ့ပေါ့လေးကြိုက်ရင် ပေါ့ပေါ့လေးပေါ့။
အရသာရှိတဲ့ ထမင်းတနပ်ရပါပြီ။
Source: Food in Yangon


MYKA Ecommerce
www.myka.com.mm


ကြက်သားဆန်ပြုတ်

ကြက်သားဆန်ပြုတ် 



ကြက်သားဆန်ပြုတ် ပြုတ်နည်းလေး ပြောပြပါမယ်။ ဘဲသား ကြိုက်ရင်တော့ ဘဲသားနှင့် ပြုတ်ပါ။

ပါဝင်ပစ္စည်းများ
ဆန်  ၁ ဗူး
ကြက်/ ဘဲသား  (အနည်းငယ်)
ကြက်သွန်နီ  ၁ လုံး
ကြက်သွန်မြိတ်  အနည်းငယ်
ချင်း  (လက်တစ်ဆစ်ခန့်)
နှမ်းဆီ
ဆား
တရုတ်နံနံ

ပြုလုပ်နည်း
ပထမဦးစွာ ကြက်ရင်ပုံသားအား ရေစင်အောင် ဆေးပြီး ရေထည့်ကာ အသင့်ပြုတ်ထားပါ။
ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီးပြီး ဆီဖြင့် အကြွပ်ကြော်ကာ ဆီစစ်ထားပါ။
ဆန်နို့ဆီဗူး တစ်ဗူးကို ရေစင်အောင် ဆေးပြီး ရေ နို့ဆီဗူး ၃ ဗူး ထည့်ပြီး ပြုတ်ပါ။
ရေဆူလာလျှင် ချင်း လက်တစ်ဆစ်ခန့်အား ဓားပြားရိုက် ထည့်ပြီး မွှေပေးပါ။
ဆန် ကျက်လာလျှင် ချင်းအား ပြန်ဆယ်ထုတ်ပစ်လိုက်ပါ။ ထို့နောက် အသင့်ပြုတ်ထားသည့် ကြက်သားအား အသားနွှင်ပြီး ထည့်ပါ။ (ကြက်ကင်ရှိလျှင် ကြက်ကင်အား အသားနွှင်ပြီး ထည့်နိုင်သည်)
ဆား အနည်းငယ် ထည့်ပါ။ နှမ်းဆီ အနည်းငယ်မျှ ဆမ်းပါ။ ပဲငံပြာရည်အကြည် အနည်းငယ် ထည့်ပါ။
အသင့်ကြော်ထားသည့် ကြက်သွန်ကြော် အနည်းငယ် ထည့်ကာ မွှေပေးပါ။ ထို့နောက် ကြက်သွန်မြိတ် အနည်းငယ်နှင့် တရုတ်နံနံ အနည်းငယ် ပါးပါးလှီးထည့်ကာ အသင့် သောက်သုံးနိုင်ပါသည်။
ဆန်ပြုတ်ကို နေကောင်းလို့ပဲ သောက်သောက် ၊ နေမကောင်းလို့ပဲ သောက်သောက် အလွန်အရသာရှိပြီး အနံ့၊ အရသာနှင့် ပြည့်ဝလှသည့် အစားအစာ ဖြစ်ပါသည်။
Source: Knowledge Corner

MYKA Ecommerce
www.myka.com.mm


Wednesday, December 27, 2017

ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်

ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်





 ကြက်ခြေတောက် ချဉ်စပ်ဟင်းရည်က ချက်ရလွယ်မှလွယ်နော်။
၁။ ကြက်ခြေထောက်ကို သန့်ရှင်းရေး လုပ်ပြီး နနွင်းမှုန့် အနည်းငယ်၊ ငံပြာရည် ၁ ဇွန်း (ထမင်းစားဇွန်း) ချက်မည့် အိုးထဲကို ထည့်ပါ။
၂။ ကြက်သွန်နီ ၁ လုံး ၈ စိပ် စိပ်၊ ကြက်သွန်ဖြူ ၄ မွှာ တပြားရိုက်၊ ခရမ်းချဉ်သီး ၁ လုံးကို ၈ စိပ်စပ်၊ စပါးလင် ၁ ချောင်းကို တပြားရိုက်၊ နံနံပင် အမြစ် ၃ ခုကို ထု၊ ငရုပ်သီး အစိမ်း ၅ တောင့်ကို ကွဲရုံ ထုထားတာတွေ အားလုံးကို ကြက်ခြေထောက် ထည့်ထားသည့် အိုးထဲထည့်ပြီး ရေကို ကြက်ခြေထောက် မြုပ်ရုံ ထည့်၍ မီးအေးအေးဖြင့် တည်ပါ ။
၃။ ကြက်ခြေထောက် နူးသည်အထိ ရေကို နဲနဲစီ ထည့်ပါ ။
၎။ ကြက်ခြေထောက်နူး၍ ဟင်းရည် ပွက်လျင် ရှောက်ရည်ညှစ်၊ ဆား အနည်းငယ် ခပ်ပြီး လှီးထားသည့် ငရုပ်သီး အနီဖြူး၊ နံနံပင် များများအုပ်၍ စားလို့ရပါပြီ ။
တကယ့်ကို အနံ့ အရသာ နင့် ပြည့်စုံပြီး စားလို့ မြိန်မယ့် ဟင်းတခွက်ပါ။
Source: FOOD@HOME

MYKA Ecommerce

www.myka.com.mm

ငါးရံ့၊ ဒန့်သလွန်သီးနှင့်​ မန်​ကျည်းသီးစိမ်းအချဉ်​ချက်

ငါးရံ့၊ ဒန့်သလွန်သီးနှင့် မန်ကျည်းသီးစိမ်းအချဉ်ချက်



ငါးရံ့.................. ကြီးကြီး ၁ကောင်
ဒန့်သလွန်သီး....... ၅ တောင့်
ကြက်သွန်နီသေး.... ၁ လုံး
ကြက်သွန်ဖြူ......... ၅ တက်
ခရမ်းချဉ်သီး.......... ၅ လုံး
ငရုတ်
သီးစိမ်း.......... ၅တောင်
မန်
ကျည်းသီးစိမ်း...... ၅တောင်
နနွင်း+အရောင်တင်......အနည်းငယ်စီ
ငါးငံပြာရည်............ ၃ ဇွန်း( ထမင်းစားဇွန်း )
ဟင်းခတ်မှုန့်............ ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)

ငါးရံ့ကို အကြေးခွံ ထိုးပြီး ရေဆေးသန့်စင်ကာ အကွင်းလိုက် လှီးပြီး ငါးငံပြာရည် ၁ ဇွန်း ၊ ဟင်းခတ်
မှုန့် ၊ နနွင်းမှုန့်တို့နဲ့ နယ်ပြီး (၁၀) မိနစ်ခန့် နှပ်ထားပါ။
မန်
ကျည်းသီးစိမ်းကို ပြုတ်ပြီး အရည်စစ်ယူထားပါ။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ ကိုရောပြီး ညက်အောင်ထောင်းပါ။
စပ်ရှိန်းရှိန်း
လေး စားချင်ရင် ငရုတ်ခြောက်တောင့် ၃ တောင့်လောက်ပါ ရောထောင်းပါ။
ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးပါ။ ( ကိုင်းခရမ်းချဉ်သီးဆို ပိုကောင်းပါသည်)
ဒန့်သလွန်သီးတွေကို ဓါးနဲ့ ခြစ်ထုတ်ပြီး၂ လက်မ အရှည်လောက် ပိုင်းဖြတ်
ပါ။
ဒယ်အိုးတစ်လုံး
အောက်​​ခြေမှာနနွင်း+ အရောင်တင်မှုန့်နဲ့ ရောထောင်းထားသော အရောကို အောက်ကထည့်ပြီး ခရမ်းချဉ်သီးတွေ ဖြန့်ထည့်ပါ။
ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ။
ဆီကို ဒယ်
အိုးပတ်လည်မှ အနည်းငယ်​​ လောင်းထည့်ကာမွှေပေးစရာ မလိုလောက်တဲ့ မီးအရှိန်မှာ ဆီပြန်လာသည်အထိ ချက်ပေးပါ။
ဆီပြန်လာပြီ ဆိုရင်တော့ အရသာနယ်ထားတဲ့ ငါးတွေထည့်ကာ ညင်
သာစွာမွှေပေးပါ။ရေအနည်းငယ်
ဖြည့်စွက်ပြီးနောက်တစ်ကြိမ်ဆူပွက်လာသည်အထိ ချက်​​ပေးပါ။
ပြန်လည်ဆူပွက်လာပြီဆိုရင် ၊ ဒန့်သလွန်သီးတွေထည့်ကာ ဖြည်းညင်းစွာ သမအောင် မွှေပေးပါ ( ငါးတွေ မကြေသွားအောင် သတိပြုပြီး
မွှေပါ)
‌မန်
ကျည်သီးစိမ်း ပြုတ်ရည်​​လေး အနည်းငယ်​​ လောင်းထည့်ပါ။
ငရုတ်
သီးစိမ်း ၊နံနံပင်တို့ ထည့်ပြီးခေတ္တ အဖုံးပြန်ပိတ်ထားပေးပါ။
ဒီဟင်းချက်မယ်
ဆိုရင်ညင်သာပြီး စိတ်ရှည်ဖို့တော့ လိုအပ်ပါမယ်။
Source: မေသတင်းရပ်ကွက်လေး

MYKA Ecommerce
www.myka.com.mm


ရှမ်းချဉ် ထမင်းကြော်

ရှမ်းချဉ် ထမင်းကြော်



ပါဝင်ပစ္စည်းများ
ရှမ်းချဉ် - 100 g
ထမင်း - ၁ လုံး
ပုစွန် - ၁၀ သား
CP ကြက်အူချောင်း - ၂ ချောင်း
ဂဏန်းချောင်း - ၂ ချောင်း
ဝက်အူချောင်း - ၅ ကျပ်သား
ပဲပြား - (၁) ဝက်
မုန်လာဥနီ (ကြီး) - (၁) ဝက်
ဘိုစားပဲ - ၅ တောင့်
ပန်းပွင့် - အနည်းငယ်
မုန်ညင်းထုပ် - အနည်းငယ်
ကြက်သားမှုန့် - ၁ ဇွန်း(စားပွဲတင်)
ပဲငံပြာရည် အကြည် - ၁ ဇွန်း(စားပွဲတင်)
ပဲငံပြာရည် အနောက် - ၁ ဇွန်း(စားပွဲတင်)
သကြား - ၁ ဇွန်း (လက်ဖက်ရည်)
ကြက်သွန်ဖြူ - ၅ မွှာ
ငရုတ်ပုထောင်း - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ကြက်ဥ

ပြုလုပ်နည်း
ပုစွန်ကို အခွံခွာ ချီးထုတ် ရေဆေးထားပါ ။
ကြက်အူချောင်း ၊ ဝက်အူချောင်း ၊ ဂဏန်းချောင်း ၊ အသီးအရွက် ၊ ရှမ်းချဉ်တို့ကို လှီးထားပါ ။
ထမင်းကို ကြက်သားမှုန့် အနည်းငယ်ဖြင့် နယ်ထားပါ ။
ဝက်အူချောင်း ၊ ကြက်ဥကို ကြော်ပြီး ဆယ် ထားပါ ။
အိုးထဲသို့ ဆီ ၃ ဇွန်းခန့် ထည့်ပြီး ၊ ပူလာလျှင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်ပါ ။ ပုစွန် ထည့်ပါ ။
ငရုတ်ပု ထောင်းထည့်ပါ ။ ကြက်အူချောင်း ၊ ဂဏန်းချောင်း ၊ ပဲပြားထည့်ပါ ။ ခဏမွှေပြီးလျှင် ရှမ်းချဉ် ထည့်ပါ ။
၂ မိနစ်လောက်နေလျှင် အသီးအရွက်များ ထည့်ပါ ။ သကြား ၊ ပဲငံပြာရည် အကြည်၊ အနောက် ၊ ကြက်သားမှုန့် ထည့်ပြီး မွှေပါ ။
အသီးအရွက်များ ရလျှင် နယ်ထားသော ထမင်းထည့်ပြီး မွှေပါ ။
အရသာ အနေတော်ဖြစ်လျှင် ကြက်သွန်ြမိတ် ၊ ငရုတ်ကောင်း ၊ နှမ်းဆီမွှေး ၂ စက်ခန့် ထည့်၍ ရပါပြီရှင်။

MYKA Ecommerce
www.myka.com.mm



ပုစွန်ထမင်းပေါင်း

ပုစွန်ထမင်းပေါင်း




ပါဝင်ပစ္စည်းများ
ပုစွန်ထုပ်- လတ် ( ၁၀) ကောင်
ငါးဆုပ်လုံး (၁၀) လုံး
မုန်ညင်းထုပ် (၁) ထုပ်
မုန်လာဥနီ (၁) ချောင်း
ငရုတ်ပွ (၂) ခု
ပန်းဂေါ်ဖီ အနည်းငယ်
ဘိုစားပဲသီး အနည်းငယ်
ကိုက်လန် အနည်းငယ်
ပဲပြား (၁) ခု
ကြက်သွန်ဖြူ (၅) မွှာ
ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း (၂) ဇွန်း
ခရုဆီ စားပွဲတင်ဇွန်း (၁) ဇွန်း
နှမ်းဆီမွှေး စားပွဲတင်ဇွန်းဝက်
ကော်မှုန့် စားပွဲတင်ဇွန်းဝက်
ဆီ စားပွဲတင်ဇွန်း (၅) ဇွန်း
သကြား အနည်းငယ်
ဆား အနည်းငယ်
ကြက်သားမှုန့် အနည်းငယ်
ထမင်း အသင့်အတင့်

ပြင်ဆင်ပြုလုပ်နည်း
ပုစွန်ထုပ်များကို ခေါင်းချွတ် အမြီးချန်၍ ခရုဆီအနည်းငယ်၊ သကြား အနည်းငယ်၊ ဆား အနည်းငယ်တို့ဖြင့် နယ်ထားပါ။
အသီးအရွက်များကို လှီးဖြတ်၍ ဆား ထည့်ထားသော ရေထဲတွင် နာရီဝက်ခန့် စိမ်ထားပြီး ရေဆေးကာ စစ်ထားပါ။ ပဲပြားကို အပါးလေးများ လှီးပါ။
ဒယ်အိုးထဲတွင် ဆီထည့်၍ ဆီပူလျှင် ကြက်သွန်ဖြူ ဓားပြားရိုက် ဆီသတ်ပါ။ အနံ့ မွှေးလာလျှင် ပုစွန်၊ ငါးဆုပ်လုံးနှင့် ပဲပြားများ ထည့်၍ ကြော်ပါ။ ထို့ နောက် အရောင်ရလာလျှင် အသီးအရွက်များ ထည့်ပြီး သကြား၊ ကြက်သားမှုန့် ၊ ဆားတို့ကို ထည့်ပါ။
မီးပြင်းပြင်းနှင့် အဖုံးအုပ်၍ (၂) မိနစ်ခန့် ကြော်ပြီးနောက် ပဲငံပြာရည်၊ ခရုဆီတို့ကို ထည့်မွှေပြီး ရေ (လက်ဖက်ရည်ပန်းကန်လုံး ၁ လုံး) စာခန့် ထည့်ပါ။ ရေဆူလာလျှင် အသီးအရွက်များကို ဘေးကပ်၍ ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ကာ ထည့်ပါ။
ကော်ရည်ပျစ်လာလျှင် အသီးအရွက်များနှင့် ပြန်ရော၍ နှမ်းဆီမွှေးထည့်ကာ ထမင်းပေါ်သို့ အုပ်၍ သုံးဆောင်နိုင်ပါသည်။


MYKA Ecommerce
www.myka.com.mm


မုန့်လုံးရေပေါ်

မုန့်လုံးရေပေါ် 




မုန့်လုံးရေပေါ်မှာလဲ သူ့လျို့ ဝှက်ချက်နဲ့ သူရှိပါတယ်။
ကောက်ညှင်းမှုန့် ၃ ဆ၊ ဆန်မှုန့် ၁ ဆ (၃း ၁) ကို ရေနွေးနွေး ၂ ဆ နဲ့ရော (ရေနွေးကို ဖြေးဖြေးချင်း ထည့်နော် ပျော့လွန်း မာလွန်းမှာလဲ စိုးရသေး ၊ မုန့်လုံးရေပေါ် မပြဲဖို့က မုန့်နယ်ရာမှာလဲ ပညာပါပါတယ်)
မုန့်လုံးလေးတွေ လုံးပြီးပြီဆို ပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ရတော့မယ်ပေါ့နော်။ ပွက်ပွက်မဆူခင် ရေနွေးအိုးထဲ ထုံးရေကြည် ၂ ဇွန်းလောက် ထည့်ပေးလိုက်ပါ။ ( ထုံးရေကြည် ထည့်ခြင်းအားဖြင့် မုန့်လုံးလေးတွေဟာ ပျော့ပြီး တစ်ခုနဲ့ တစ်ခုကပ်မနေပဲ တင်းတင်းလေး ဖြစ်သွားတယ်) ထို့  နောက် ပွက်ပွက်ဆူလာပြီး မုန့်လုံးလေးတွေ ထည့်ပါ။ နာမည်နဲ့လိုက်အောင် အလုံးလေးတွေ ရေပေါ်ပေါ်လာရင်တော့ ဆည်ယူရတော့မယ်။
အဲ့နေရာမှာလဲ ပညာလေးပါပြန်ရော၊ ဆယ်ယူပြီး ပန်းကန်ထဲမထည့်ခင် အိုးတစ်လုံးထဲ ရေခဲရေထည့် စကာလေးခံပြီး ခုနကဆယ်ထားတဲ့ အလုံးလေးတွေကို ရေခဲရေအိုးထဲ အရင်ထည့်ပေးပါ။ ပြီးမှ ခံထားတဲ့ စကာလေးနဲ့စစ်ပြီး စားမယ့် ပန်းကန်လေးထဲထည့်၊ အုန်းသီးလေးဖြူးပြီး စားလို့ရပါပြီ။
ရေခဲရေလေးနဲ့ ခဏပြန်စိမ်ပေးခြင်းဟာ မုန့်လေးလေးတွေကို လုံးဝမကပ်စေပဲ ထုံးရေကြည်ကြောင့် တင်းတင်းလေးလဲဖြစ် ထန်းလျက် အတုံးကြီးကြီးထည့်လဲ အပြင်ပေါက်မထွက်တာကြောင့် အလုံးလေးတွေလဲလှ အရသာလဲ အရမ်းကောင်းပါတယ်။
မုန့်လုံးရေပေါ်ကြိုက်ရင်တော့ နည်းလမ်းလေးမှတ်သွားနော်....
Source: WinWin KT for FOOD@HOME

MYKA Ecommerce
www.myka.com.mm


Tuesday, December 26, 2017

ဂဏန်းမဆလာ

ဂဏန်းမဆလာ



ဂဏန်းမဆလာချက်ရန်
ဂဏန်း၊ ကြက်ဥ၊ ကြက်သွန်ဖြူ/ နီ၊ ဆား၊ သကြား၊
အချိုမှုန့်၊ ပဲငံပြာရည် အပျစ်၊ ငရုတ်သီးမှုန့်၊ မဆလာ
တို့ လိုပါတယ်။

လတ်ဆတ်သော ဂဏန်း ၅ ကောင် ( အုပ်ခွံခွာကာ ရေယက်များ ဖယ်ပြီး ရွံ့များ စင်အောင်ဆေး၍ 
ခြေချောင်း ထိပ်ဖျားများဖြတ်ကာ ၂ ပိုင်း ပိုင်းထားပါ)
အုပ်ခွံ အတွင်းမှ အဆီအနှစ်များအား ဇွန်းဖြင့် ခြစ်ထုတ်ကာ သီးခြားပန်းကန်ဖြင့် ထည့်ထားပါ။
ကက်ဥ ၁ လုံး အား နာနာ ခေါက်မွှေထားပါ။
ကက်သွန်ဖြူ အမွှာကြီး ၆/၇ မွှာနှင့် ကြက်သွန်နီ ၂ လုံးကို ညက်အောင် ထောင်းထားပါ။
ဒယ်အိုးထဲသို့ ဆီ ဟင်းခတ်ဇွန်း ၃ ဇွန်း ထည့်ကာ အပူပေး၍ ဆီပူရင် ထောင်းထားသော ကြက်သွန်များ
နှင့် ငရုတ်သီး လက်ဖက်ရည် ဇွန်း ၂ ဇွန်းကို ထည့်ကာ ဆီသတ်ပေးပါ။ ထို့နောက် သီးခြားခပ်ထားသော
ဂဏန်းအဆီများ ထည့်ကာ အနံ့မွှေးလာတဲ့အထိ မွှေကျော်ပေးပါ။ ဂဏန်းများ ထည့်ပါ။ ဆား လက်ဖက်ရည် ဇွန်း ၁ ဇွန်း၊ အချိုမှုန့် ၁ ဇွန်း ၊သကြား ၁ ဇွန်းစီ ထည့်ကာ ထပ်မံ၍ မွှေပေးပါ။ ရေကို ဂဏန်းမြုတ်ရုံသာ ထည့်၍ အဖုံးအုပ်ကာ ၆/၇ မိနစ်ခန့် ထားပါ။ ဟင်းအရည် မပျစ်မကျဲ လေးဖြစ်လာရင် မဆလာ အနည်းငယ်
ပဲငံပြာရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်းထည့်ကာ မွှေ၍ အပေါ့အငံ မြည်းပါ။ အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုရင် ခေါက်မွှေထားသော ကြက်ဥကို လောင်းထည့်ကာ အနည်းငယ်
မွှေပေးပြီးရင် ချလိုက်လို့ ရပါပြီ။
Source: ကိုယ်တိုင်ချက်မယ်
      
MYKA Ecommerce
www.myka.com.mm


ဝက်ကလီစာ / ဝက်မီးမြီးရှည်

ရုံးအားရက်တွေမှာ မိသားစုလူစုံတုန်း လုပ်စားတဲ့ ဝက်ကလီစာ မြီးရှည်ပါ။






ဝက်ကလီစာ / ဝက်မီးမြီးရှည်
ဝက်ကလီစာ
ဝက်စအုကျော်
ပဲပင်ပေါက် (ရေနွေးဖျောထားပါ)
ပဲငပိ 
ဆီတို့ဟူး ( ရေနွေးနဲနဲ ထည့်၍ ဖျော်ပါ)
မုန်ညှင်းချဉ် (သေးသေး လှီးထားပါ)
ငရုပ်ဆီ နှင့် နှမ်းဆီချက်
ကြက်သွန်မြိတ် နှင့် နံနံပင် (သေးသေး လှီးထားပါ)
ကော်ရည်
မြီးရှည် မုန့်ဖတ်
စားတော့မည်ဆိုလျင် ပန်းကန်လုံး အကြီးထဲတွင် မုန့်ဖတ် နှင့် မိမိ နှစ်သက်ရာ ဝက်ကလီစာ နှင့် ဝက်သားကို ထည့်၍ အထက်ပါ ပြင်ထားသော အဆာပလာများကို အနည်းငယ်စီ ထည့်ပြီး သုပ်၍ စားပါ ။
အသုပ်နှင့် စားမည့် ဟင်းရည်တွင် ရှောက်ရည်/ သံပုရာရည်ကို ညှစ်၍ ရှောက်ရွက်ခပ်စားပါက အအီပြေပြီး ရှောက်ရွက်နံ့ မွှေးမွှေးလေးနှင့် ဟင်းရည် သောက်ကောင်းပါတယ်။ ( ကျမကတော့ ကော်ရည်လျော့၍ ဟင်းချိုရည် အနည်းငယ် ထည့်ပြီး သုတ်စားပါတယ်)
အရည်နှင့် စားလိုပါက ကော်ရည်ကို မထည့်ဘဲ ဟင်းချိုရည်ကို ထည့်၍ စားနိုင်ပါတယ်။
Source: WinWin KT. FOOD@HOME

MYKA Ecommerce
www.myka.com.mm


ငါးချိုချဉ်ကြော်

ငါးချိုချဉ်ကြော်



 
တိလားဗီးယား (ဇလားဗီးယား) ငါးနှစ်​​ကောင်ကို ရေဆေးသန့်စင်ပြီး ဆား၊ အချိုမှုန့် ၊ ငံပြာရည်၊ နနွင်းမှုန့် ထည့် ပါ။ သံပုရာရည် အနည်းငယ်ထည့်ပြီး (နာရီဝက်ခန့်) နှပ်ထားပါ။ ပြီးရင် ဆီများများနဲ့ ကြော်ပါ။
ကြော်ပြီးသော ငါးကြော်ကို ပန်းကန်ထဲ ထည့်ထားပါ။ မုန်လာဥနီ၊ ပန်းပွင့်၊ ဟိုတယ်​​ပြောင်း၊ မုန်ညင်း အနည်းငယ် ငရုပ်ပွသီး အဆင်​​ပြေသလိုလေး လှီးဖြတ် ရေဆေးပြီး ဇကာဖြင့် စစ်ထားပါ။ ငရုပ်ဆီ နှစ်ဇွန်း၊ ကော်မှုန့် တစ်ဇွန်း၊ သကြား တစ်ဇွန်းကို ရေထည့်ပြီး ခလောက်ထားပါ။ ငါးကြော်ထားတဲ့ ဆီများ ခပ်ဖယ်ထားပြီး လိုသလောက် သုံး/လေးကျပ်သားခန်လောက်ပဲ သုံးပါမယ်။ ဆီပူလာလျှင် ကြက်သွန်နီ နှစ်လုံး/ သုံးလုံးခန့်၊ လေးစိပ်/ ရှစ်စိပ် သင့်သလို စိပ်ပြီး ဆီပူအိုးထဲ ထည့်ပါ။ အသီးအရွက်များ ထည့်ပါ (ကြက်သွန် ကျက်​​အောင်စောင့်ပဲ တစ်ဆက်ထဲထည့်ပါ ) ခရုဆီ ဟင်မွှေဇွန်း တစ်ဇွန်းစာထည့်ပါ။ ပဲငံပြာရည် အကျဲ အနည်းငယ်၊ အရသာမှုန့် ထည် အဖုံးအုပ်ပြီး တစ်မိနစ်​​လောက်တည်ပါ။ အသီးအရွက် အနည်းငယ်နွမ်းသွားလျှင် ဖျော်ထားသော ချိုချဉ်အရည်ထည်မွှေပေးပါ။ ရေ အနည်းအများကြည့်ပြီး ရေနွေးလိုက်ထည့်ပါ။ အရည်နေအထား အနည်းအများ ရပြီ ဆိုရင်​​တော့ ကြော်ထားတဲ့ ငါးပေါ်ကို လှတပတလေး ဖြူးပေးပါ။ အရသာရှိတဲ့ ငါးချိုချဉ်ကြော်ရပါပြီ....

 MYKA Ecommerce
www.myka.com.mm