ဟင်းနုနွယ်ရွက်သုပ်
လိုအပ်သောပစ္စည်းများ
ဟင်းနုနွယ်ရွက် - ၂ စည်း
ကြက်သွန်ဖြူ - ဆီချက်
မြေပဲလှော် မညက်တညက် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
နှမ်းလှော်ထောင်း - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
သံပုရာသီး - ၂ စိတ်
ဆား - အနည်းငယ်

ပြင်ဆင်နည်း
ဟင်းနုနွယ်ရွက်ကို ရေ သုံးလေးခါ သဲများ စင်အောင်ဆေးပါ။
ရေနွေး ဆူအောင်တည်ပြီး ဆားအနည်းငယ်ထည့်ကာ ဟင်းနုနွယ်ရွက်များကို အစိမ်းရောင် မပျက်စေဘဲ ခဏတာ ရေနွေးဖျောပါ။
ဟင်းနုနွယ်ရွက်များကို အစိမ်းရောင်တောက်တောက် အဖြစ်ဆုံး အခြေအနေမှာ ဆယ်ယူပြီး အအေးခံပါ။
ရေအေးထဲ ထည့်ထားရင်လည်း ရပါတယ်။
ဟင်းနုနွယ်ရွက်များ အေးပြီဆိုလျှင် ပါးပါးလှီးပြီး အပေါ်တွင် ပါသည့် တန်ဆာပလာများကို အရသာများနှင့် အတူ ၊ သံပုရာသီး အရည်ပါညှစ်ထည့်၍ သုပ်ပါ။
ဆီချက်ကို လက်ဖက်ရည်ဇွန်း ဝက်လောက်ပဲ ဆမ်းပြီး ကြက်သွန်ဖြူကြော်များ ပိုထည့်ပါ။

Source: WinWin KT. FOOD@HOME
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment