Wednesday, December 20, 2017

တောမှိုဟင်း

တောမှိုဟင်း ချက်စားမယ်

မှိုထဲမှာမှ ဖက်စွတ်မှိုကအရှားဆုံး ၊ အရသာအရှိဆုံးနဲ့ အချိုဆုံးမို့ ဒီနေ့ချက်စားတဲ့ လွယ်ကူပြီး အရသာရှိတဲ့
မှိုဟင်းချက်နည်းကို မျှဝေပါရစေ....
ဖက်စွတ်မှိုက အရသာရှိသလောက် သူ့ကိုယ်ထည်မှာ သဲတွေ ထူထူထဲထဲ ကပ်နေတဲ့အတွက်
ဓါးပါးပါးလေးနဲ့ အရင်ခြစ်ရပါတယ်။
တစ်ချို့က ရေနဲ့အရင်စိမ်ပြီး မှိုကိုဆေးကြပါတယ်။
ရေနဲ့နူးပြီး ချက်တဲ့အခါ တင်းတင်းလေး ဖြစ်မနေတော့ပါဘူး။
ဒါ့ကြောင့် ကျမကတော့ သဲများတစ်ချို့တစ်ဝက် ကုန်စင်အောင် ခြစ်ချပြီးမှ
ဒုတိယအဆင့် ရေနဲ့ သန့်စင်အောင် ဆေးတဲ့အခါ အချိန်သိပ်ကြာကြာမဆေးရဘဲ
ပိုပြီး သန့်ရှင်းနိုင်ပါတယ်။
မှိုဟင်းချက်တဲ့အခါ ကျမကတော့ ဆီသပ်ပြီး ဘယ်တော့မှမချက်ပါဘူး။
အမြဲလုံးပြီး ချက်ပါတယ် ပိုအရသာရှိစေပါတယ်။
ဒီနေ့မှိုဟင်းကတော့ သန့်စင်ပြီးသားမှိုထဲကို ငံပြာရည် ၊ငြုပ်သီးမှုန့်အနည်းငယ်၊
ဆီအနည်းငယ်၊ ကြက်သွန်ဖြူ၊ နီများ ထည့်ပြီး နှံ့ သွားအောင် နယ်ပါတယ်။
ပြီးရင် ရေနဲနဲထည့်ပြီး မီးဖိုပေါ်တင် အဖုံးအုပ် ဆူလာလျှင် နှံ့အောင်မွှေပြီးနောက်
၃ မိနစ်လောက် ထပ်ဆူပြီးလျှင် မီးဖိုပေါ်ကချပြီးရင်တော့ အရသာရှိတဲ့ မှိုဟင်းချိုချိုလေး တစ်ခွက်ရရှိမှာဖြစ်ပါတယ် ....






Source :တင်တင့်လက်ရာ

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment