ချိုချဉ်စပ်မွှေး ထမင်းကြော်
ဒီထမင်းကြော်မှာ ကြက်အူချောင်း/ ၀က်အူချောင်း ပါတာမို့ ချိုတဲ့အရသာရယ်၊
မုန်ညှင်းချဉ်/
ရှမ်းချဉ်ပါလို့ ချဉ်တဲ့အရသာရယ်၊ ငရုတ်သီးအကြမ်းမှုန့် နည်းနည်းထည့်ထားလို့ စပ်တဲ့
အရသာရယ်၊ နံနံပင်အရိုးကို အသုံးပြုထားလို့ မွှေးတဲ့ အရသာရယ်ရမှာဖြစ်ပါတယ်။ စားလို
့ကောင်းသလို ပြုလုပ်လို့ လဲလွယ်လို့ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ထမင်း - ထမင်းပေါင်းအိုးမှ ဆန်ချိန်ခွက်ဖြင့် ဆန် ၂ ခွက် ချက်ထားသော ထမင်း
၂။ ၀က်အူချောင်း (သို့ ) ကြက်အူချောင်း - ၁၀ သား
၃။ ကြက်ဥ - ၂ လုံး
၎။ မုန်ညှင်းချဉ် (သို့ ) ရှမ်းချဉ် - ထမင်းစားဇွန်း ၃ ဇွန်း မောက်မောက်
၅။ မုန်လာဥနီ - ၁ ဥ
၆။ ပါးပါးလှီးထားသော နံနံပင်အရိုး - ထမင်းစားဇွန်း ၄ ဇွန်း
၇။ ကြက်သွန်ဖြူ - ၂ မွှာ
၈။ ပဲငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၉။ သကြား (သို့ ) အချိုမှုန့် -လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ငရုတ်သီးအကြမ်းမှုန့်  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
ပြုလုပ်နည်း
၁။ ၀က်အူချောင်း(သို့ ) ကြက်အူချောင်း၊ မုန်လာဥနီ၊ မုန်ညှင်းချဉ်(သို့ ) ရှမ်းချဉ်တို့ ကို အတုံးအသေးလေးတွေတုံးထားပါ။ ကြက်ဥကို ခလောက်ထားပါ။ ကြက်သွန်ဖြူ ကိုတောက်တောက်ဆင်းထားပါ။
၂။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်း ထည့်၊ အပူပေးပြီး ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥကို ထည့်၍မွှေကြော်ပါ။ ပြီးလျှင် ပန်းကန်တခုထဲထည့်ထားပါ။
၃။ ကြက်ဥကြော်ထားသော ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၃ ဇွန်း ထပ်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင်ကြက်သွန်ဖြူကိုဆီသတ်ပါ။
၎။ ကြက်သွန်ဖြူ မွှေးလာလျှင် ၀က်အူချောင်း (သို့ ) ကြက်အူချောင်းကို ထည့်ကြော်ပါ။ ကျက်လျှင် မုန်ညှင်းချဉ် နှင့်မုန်လာဥနီတို့ ကိုထည့်ပါ။
၅။ ထို့ နောက် ထမင်းကိုထည့်၊ ပဲငံပြာရည်၊ သကြား(သို့ )အချိုမှုန့် ၊ ကြက်သားမှုန့် ၊ ငရုတ်သီးအကြမ်းမှုန့် 

တို့ ကိုထည့်၍ကြော်ပါ။ အနှံ့ ဖြစ်သွားရင် နောက်ထပ်
၂ မိနစ်လောက်ကြော်ပြီး နံနံပင်အရိုးများနှင့် ကြော်ထားသော ကြက်ဥတို့ ကိုထည့်၍နှံ
့အောင်ကြော်ပါ။
၆။ ချိုချဉ်စပ်မွှေးထမင်းကြော်ကို သုံးဆောင်နိုင်ပါပြီ။

MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment