Friday, December 22, 2017

ဆီထမင်း

ဆီထမင်း




ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေစိမ်ထားပါ။ ပြီးရင် ဒယ်အိုးထဲကို ကောက်ညှင်းဆန်တွေ ဆယ်ထည့်ပါ။
ဆား နည်းနည်း၊ နနွင်းမှုန့်နည်းနည်း ထည့်ပါ။ ကောက်ညှင်း နို့ဆီဘူး ၄ ဘူးကို ဆီ၂ ကျပ်ခွဲသား ထည့်ပါ။
ရေကို ကောက်ညှင်းပေါ် လက်တစ်ဆစ်ခန့် ဖြည့်ပါ။
ပြီးရင် မီးအသင့်အတင့်နဲ့ အဖုံးအုပ် တည်ပါ။
မကြာမကြာ ယောင်းမနဲ့အပေါ်အောက် လှန်ပေးပါ။
ကောက်ညှင်းနပ်ရင် မျက်နှာပြင်ညှိပြီး ဂျိုးရအောင် ထားပါ။
ဆီထမင်းကို နှမ်းထောင်းနဲ့ ဖြစ်စေ၊ ပဲပြုတ်နဲ့ဖြစ်စေ၊ အုန်းသီးနဲ့ဖြစ်စေ၊ ကြက်သွန်ကြော်၊ ဘူးသီးကြော်၊ ငါးကြော် စတဲ့အကြော်တွေနဲ့ဖြစ်စေ၊ ငါးခြောက်ဖုတ်၊ အသားခြောက်ဖုတ် စတာတွေနဲ့ဖြစ်စေ၊
တွဲဖက် စားသုံးနိုင်ပါတယ်။
Source: အန်တီလော်ရာရဲ့ ဟင်းချက်နည်းများ

MYKA Ecommerce
www.myka.com.mm



No comments:

Post a Comment