Thursday, December 7, 2017

ဆူးပုတ်ငရုတ်သီးထောင်း

ဆူးပုတ်ငရုတ်သီးထောင်း




သတ်သက်လွတ်စားတဲ့သူအတွက် ဆူးပုတ်ကို ငရုတ်သီးများများနဲ့ ထောင်းလိုက်တော့လည်း ဟင်းတခွက်ပေါ့။
ပါဝင်ပစ္စည်းများကတော့
ဆူးပုတ်ရွက်
ကြက်သွန်ဖြူ
ငြုပ်သီးစိမ်း
ဟင်းချိုမှုန့်
သံပုရာသီး
ဆား
ဆီ
ပြုလုပ်နည်း
ဆူးပုတ်ရွက်များကို ခြွေပြီး အရင်ပြုတ်ပါ ။ ပြီးလျင် အအေးခံပါ ။
ငြုပ်သီးစိမ်းကို ရေအနည်းငယ်နှင့် ထည့်ပြုတ်ပြီး ရေခမ်းသွားလျင် ငြုပ်သီးစိမ်း နှင့်အတူ ကြက်သွန်ဖြူ ကို ဒယ်အိုးထဲတွင် ထည့်၍လှော်ပါ ။
ပြီးလျင် လှော်ထားသည့် ငြုပ်သီးစိမ်း နှင့် ကြက်သွန်ဖြူ တို့ကို ဆား ၊ ဟင်းချိုမှုန့်တို့နှင့်အတူ ညက်နေအောင် ထောင်းပါ ။
ပြီးလျင် ဆူးပုတ်ရွက်ကို ထည့်ထောင်းပါ ။
အားလုံး နှံ့စပ်အောင် ထောင်းပြီးလျင် မိမိနှစ်သက်ရာ အစပ် အပေါ့ အငံ အနေတော်ဖြစ်လျင် ဆီစိမ်းလေး ဆမ်းပြီး ထားပါ ။
စားခံနီးတွင် သံပုရာသီးကို အပေါ်မှ ညှစ်ချပါ ။
Source: WinWin KT for FOOF@HOME

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment