Thursday, December 21, 2017

မုန့်ပြားသလက်

မုန့်ပြားသလက်

ပါဝင်ပစ္စည်းများ
ဆန်မှုန့်  - ၅ ခွက်
တဆေး - ၂ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
ဆား - ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
ရေ - ၆ ခွက်
နံနံပင် - ၁ ခွက် (ပါးပါးလှီး)
ကြက်သွန်မြိတ် - ၁ ခွက် (ပါးပါးလှီး)
ပဲပြုတ် - ၂ ခွက်
ဆီ

ပြုလုပ်နည်း
၁။ ဆန်မှုန့် ၊ ဆား ၊ တဆေးနှင့် ရေတို့ ကို နှံ့ အောင်နယ်၍ အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တစ်ညထားပါ။ (မနက်စားရန်အတွက် မုန့်နှစ်ကို ညကတည်းက ဖျော်ထားမှ ကောင်းပါသည်။ ညနေခင်း စားမည်ဆိုလျင်လည်း မနက်အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည်)
၂။ မကပ်သော ဒယ်အိုး အသေးကို ဆီအနည်းငယ် သုပ်ပြီး မီးအပူပေးပါ။ မီးဖို၏ မီးက အရေးကြီးပါသည်။ မပူလွန်းသောမီး ၊ မီးကို အနေတော်သာထား၍ မုန့်လုပ်ပါ။
၃။ အိုးပူလာလျှင် မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့် ထည့်ပါ။
၎။ မုန့်နှစ်ထည့်ပြီးလျှင် ပဲပြုတ် ၊ နံနံပင်နှင့် ကြက်သွန်မြိတ်တို့ ကို ဖြူးထည့်ပါ။ ပြီးလျင် ဒယ်အိုးကို အဖုံးအုပ်ပြီး ၂ မိနစ်ခန့် ထားပါ။
၅။ ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေးနှင့် မုန့်မထည့်မီ သုတ်သုတ်ပေးပါ။ မုန့် နှစ်မကပ်စေရန်နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန်အတွက် ဖြစ်ပါတယ်။
၆။ မုန့်ပြားသလက်ကို နှမ်းဆားထောင်း ၊ ဆီ၊ ဆားတို့ နှင့် တွဲ၍ စားလေ့ရှိပါတယ်။ 
အင်မတန်မှ လွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့် စားရပါတယ်။




Source: Food At Home

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment