စားလို့အရမ်းကောင်းတဲ့
ချိုချဉ်စပ်ပြောင်းဖူးထောင်းနည်းလေးတင်ပေးလိုက်တယ်နော်။ ထောင်းစားကြည့်နော် အရမ်းကောင်းတယ်.... ပြောင်းဖူးက
ပြုတ်ပြီးသားနဲ့ ထောင်းတာပါနော်။
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက
သကြားပြောင်း ၁ ဖူး
ရှမ်းပြောင်း ၁ ဖူး
ခရမ်းချဉ်သီးအသေး ၂ လုံး
ပုဇွန်ခြောက် နည်းနည်း
ငရုတ်သီး ၆ တောင့်
ပဲတောင့်ရှည် ၂ တောင့်
ကြက်သွန်ဖြူ ၄ မွှာ
သံပုရာသီး ၂ လုံး
ထန်းလျက် အသေး ၄ လုံး
ရှမ်းပြောင်း ၁ ဖူး
ခရမ်းချဉ်သီးအသေး ၂ လုံး
ပုဇွန်ခြောက် နည်းနည်း
ငရုတ်သီး ၆ တောင့်
ပဲတောင့်ရှည် ၂ တောင့်
ကြက်သွန်ဖြူ ၄ မွှာ
သံပုရာသီး ၂ လုံး
ထန်းလျက် အသေး ၄ လုံး
ပြောင်းဖူးက
သကြားပြောင်းအဝါနဲ့ ထောင်းတာများပါတယ်။ ကျမကတော့ ရှမ်းပြောင်းအစီး ထည့်ထောင်းတယ်
စီးစီးပိုင်ပိုင်နဲ့ စားလို့ပိုကောင်းလို့ပါ။ အခုတော့ သကြားပြောင်း ၁ ဖူး၊
ရှမ်းပြောင်း ၁ ဖူး ကို ဓါးနဲ့လှီးထားတာပါ။ စပြီးထောင်းတော့မယ်ဆိုရင် ကြက်သွန်ဖြူ၊
ငရုတ်သီး၊ ထန်းလျက်၊ ပုဇွန်ခြောက်တွေကို ထောင်းပြီးရင် ငါးငံပြာရည် ထမင်းစားဇွန်းနဲ့
၃ ဇွန်းလောက် ထည့်ပါ။ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်တွေထည့်ပြီး တစ်ချက် ၂
ချက်လောက်ထောင်းပြီးရင် ပြောင်းဖူးတွေ ထည့်လိုက်ပါ။ သံပုရာသီး ညှစ်ထည့်ပြီး
ဖြေးဖြေးလေး ၄ ချက် ၅ ချက် လောက်ထောင်းပါ။ အရသာ အပေါ့အငံမြည်းပြီး ပန်းကန်ထဲထည့်ပြီး
ချိုချဉ်စပ် ပြောင်းဖူးထောင်းကို စားလို့ရပါပြီ....
Source:
Khine Su Wai
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment