Sunday, December 3, 2017

စမိုင်ပြုလုပ်နည်း

စမိုင် လုပ်စားကြည့်တယ်.....
ပါဝင်ပစ္စည်းများကတော့

၁။ စမိုင်ချောင်း - ၁၂၀ ဂရမ်
၂။ နွားနို့ / နို့စိမ်း/ အုန်းနို့ - ၄၀၀ မီလီလီတာ
၃။ ရေ - ၂၀၀ မီလီလီတာ
၅။ သကြား - ၇၀ ဂရမ်
၆။ ဆား - ၁/၂ လက်ဖက်ရည်ဇွန်း
၇။ သီဟိုဠ်စေ့ - ၃ ထမင်းစားဇွန်း
၈။ သာကူစေ့ - ၃ ထမင်းစားဇွန်း
၉။ ဖရုံယို - ၃ ထမင်းစားဇွန်း
၁၀။ ထောပတ် - ၁ လက်ဖက်ရည်ဇွန်း
ပြုလုပ်နည်း
၁။ အိုးပူလျင် ထောပတ်ကို ထည့်ပြီး မွှေးလာလျင် နွားနို့ထည့်ကြိုပါ။ နွားနို့ဆူလျင် ရေနွေးပွက်ပွက်ထည့်ပါ။
၂။ ပါဝင်ပစ္စည်းအားလုံးထည့်ပါ။ ပွက်ပွက်ဆူလျင် အိုးမကပ်အောင် ဖြေးဖြေးချင်းမွှေပါ။
၃။ သာကူစိ မျက်စေ့ပျောက်လျင် သကြားအရသာလိုသလို ထည့်စားနိုင်ပါသည်။
မှတ်ချက်။ ။ အပျစ် အကျဲ နှစ်သက်သလို အရည်ချိန်ထည့်နိုင်ပါသည်။
Source: Winmy's Food House

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment