Monday, December 4, 2017

ကြက်တောင်ပံ အစပ်ကြော်

ကြက်တောင်ပံ အစပ်ကြော် (Buffalo Chicken Wings)

အနံ့ ရော အရသာရော တော်တော်ကောင်းပါတယ်။ ငရုတ်သီးဆော့နဲ့ လုပ်ထားလို့ 
စပ်စပ်လေးနဲ့ အရသာအတော်ရှိတဲ့ အစာတခုဖြစ်ပါတယ်။ ထမင်းနဲ့ လည်းစားလို့ ရသလို
သူ့ ချည်းပဲလဲစားလို့ ရပါတယ်။ လုပ်နည်းကလဲလွယ်ကူပါတယ်။ လုပ်စားကြည့်နော်။ မလုပ်စားဖြစ်သေးရင်လဲ Share ထားလိုက်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်တောင်ပံ နှင့် တောင်ပံအရင်း -၂ ပေါင် (သို့ ) ၅၀ သား
၂။ အကြော်မှုန့်  - ခွက် တ၀က်
၃။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၎။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၆။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း (ထောပတ်အစားဆီကိုသုံးလို့ လဲရပါတယ်။
ထောပတ်နဲ့ ဆိုပိုမွှေးပါတယ်။)
၇။ ငရုတ်ဆော့ - ထမင်းစားဇွန်း ၄ ဇွန်း
၈။ ကြက်သွန်ဖြူ အမှုန့် (garlic powder) - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၉။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၈ပုံ တပုံ
၁၀။ ကြော်ရန်ဆီ

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်တောင်ပံများကိုသန့် စင်ပြီး ရေခြောက်အောင်လုပ်ထားပါ။
၂။ အကြော်မှုန့် ၊ အရောင်တင်မှုန့် ၊ငရုတ်သီး မှုန့် ၊ဆားတို့ ကိုသမအောင်လုပ်ပါ။ ထို့ နောက် ကြက်တောင်ပံများကိုအကြော်မှုန့် များဖြင့် သမအောင်နယ်ပါ။ အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။ 
၃။ ကြက်တောင်ပံကြော်ရန်အတွက် ဆီကိုအပူပေးပြီး ဆီပူလာလျှင် ကြက်တောင်ပံများကိုထည့်ကြော်ပါ။ အရမ်းကြီးကြွပ်နေအောင်မကြော်ရပါ။ နည်းနည်းညိုလာလျှင် ဆီအိုးမှဆယ်ပြီး ဆီစစ်ထားပါ။
၎။ အခြားဒယ်အိုးတခုထဲတွင် ထောပတ်၊ ငရုတ်ဆော့၊ ကြက်သွန်ဖြူအမှုန့် နှင့် ငရုတ်ကောင်းတို့ ကိုထည့်၍ ထောပတ်အရည်ပျော်သည်အထိ တည်ပါ။ အရည်ပျော်လာလျှင် ကြက်တောင်ပံများကို ထည့်ပါ။ အနှစ်များ ပျစ်လာပြီး ကြက်တောင်ပံမှာ ကပ်သွားသည်အထိလှိမ့်ပါ။
၅။ အနံ့ မွှေးမွှေးစပ်စပ်လေးနဲ့ အရသာအလွန်ရှိတဲ့ ကြက်တောင်ပံအစပ်ကြော်ကိုသုံးဆောင်နိုင်ပါပြီ။




MYKA Ecommerce
www.myka.com.mm



No comments:

Post a Comment