Wednesday, December 6, 2017

ချဉ်ငံစပ် ၀က်သားသုံးထပ်သားသုပ်



ချဉ်ငံစပ် ၀က်သားသုံးထပ်သားသုပ် 🤤🤤



ဝက်သားသုံးထပ်သားကို ပြုတ်ပြီးသော်လည်းကောင်း၊ ဒယ်အိုးပူတိုက်ပြီးသော်လည်းကောင်း၊ 
ကင်ပြီးသားကို အလွယ်တစ်ကူဝယ်ပြီးသော်လည်းကောင်း သုပ်စားနိုင်ပါတယ်။
ကင်ပြီးသားတွေ နေရာတကာမှာ ၀ယ်လို့ ရနေပေမဲ့ လတ်လတ်ဆတ်ဆတ်ဖြစ်အောင် ၀က်သုံးထပ်သားအစိမ်းကိုဝယ်ပြီး ဒယ်အိုးပူတိုက်ကာ ချဉ်ငံစပ်သုပ်ထားပါတယ်။ 
ဝက်သားသုံးထပ်သား ဒယ်အိုးပူတိုက်သုပ်အတွက်
ဝက်သားသုံးထပ်သား လက်မ၀က်အထူ အပြားလေးတွေရွေးဝယ်ပါ။
ထို့ နောက်ရေဆေးကာ ဆား၊ ပဲ ငံပြာရည်၊ ကြက်သားမှုန့် ၊
နှမ်းဆီအနည်းငယ်စီထည့်ကာ သမအောင်နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
ထို့ နောက် ဒယ်အိုးပူပူတွင် မီအေးအေးဖြစ် သုံးထပ်သား နှစ်ဖက်စလုံးနီညိုရောင်သန်းလာသည်အထိ ဒယ်အိုးပူတိုက်ကာ အအေးခံပြီး ပါးပါးလှီးထားပါ။
ကြက်သွန်နီတစ်လုံးကို အခွံခွာပြီး ပါးပါးလှီးကာ ရေဆေးထားပါ။
ခရမ်းချဉ်သီးတစ်လုံး ရေဆေးပြီး ပါးပါးလှီးထားပါ ။
ဆား၊ အရသာမှုန့် ၊ငံပြာရည် အနည်းငယ်စီ
ငရုပ်သီးအကျက်မှုန့်  ထမင်းစားဇွန်းဝက်
ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း တစ်ဝက်၊
ငရုပ်သီးစိမ်း ၂တောင့် ရေဆေးပြီး ပါးပါးလှီးထားပါ။
နံနံပင် ၂ ပင် ကိုရေဆေးကာ ပါးပါးလှီးထားပါ။
ငရုပ်ဆီ ထမင်းစားဇွန်းတစ်ဇွန်း
သံပုရာသီး တစ်စိတ်
ဝက်သားသုံးထပ်သား နယ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ၀က်သားသုံးထပ်သား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း နှင့်ဆား၊ အရသာမှုန့် ၊ငံပြာရည်၊ ငရုပ်သီးအကျက်မှုန့် ၊ကြက်သွန်ဖြူဆီချက်၊ နံနံပင်ငရုပ်ဆီနှင့် သံပုရာသီးတစ်စိတ်ကို ညှစ်ထည့်ကာ သမအောင်နယ်ပြီး အပေါ့အငံ အချဉ် အစပ်ကိုမြည်းပြီး အရသာရှိသော ချဉ်ငံစပ်ဝက်သားသုံးထပ်သား ဒယ်အိုးပူတိုက်ကို ကြက်သားပာင်းရွက်ပာင်းချို (သို့ ) ဒန့် သလွန်ရွက်ပာင်းချိုတို့ နှင့်တွဲကာ သုံးဆောင်နိုင်ပါပြီ။
MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment