Tuesday, December 26, 2017

ဂဏန်းမဆလာ

ဂဏန်းမဆလာ



ဂဏန်းမဆလာချက်ရန်
ဂဏန်း၊ ကြက်ဥ၊ ကြက်သွန်ဖြူ/ နီ၊ ဆား၊ သကြား၊
အချိုမှုန့်၊ ပဲငံပြာရည် အပျစ်၊ ငရုတ်သီးမှုန့်၊ မဆလာ
တို့ လိုပါတယ်။

လတ်ဆတ်သော ဂဏန်း ၅ ကောင် ( အုပ်ခွံခွာကာ ရေယက်များ ဖယ်ပြီး ရွံ့များ စင်အောင်ဆေး၍ 
ခြေချောင်း ထိပ်ဖျားများဖြတ်ကာ ၂ ပိုင်း ပိုင်းထားပါ)
အုပ်ခွံ အတွင်းမှ အဆီအနှစ်များအား ဇွန်းဖြင့် ခြစ်ထုတ်ကာ သီးခြားပန်းကန်ဖြင့် ထည့်ထားပါ။
ကက်ဥ ၁ လုံး အား နာနာ ခေါက်မွှေထားပါ။
ကက်သွန်ဖြူ အမွှာကြီး ၆/၇ မွှာနှင့် ကြက်သွန်နီ ၂ လုံးကို ညက်အောင် ထောင်းထားပါ။
ဒယ်အိုးထဲသို့ ဆီ ဟင်းခတ်ဇွန်း ၃ ဇွန်း ထည့်ကာ အပူပေး၍ ဆီပူရင် ထောင်းထားသော ကြက်သွန်များ
နှင့် ငရုတ်သီး လက်ဖက်ရည် ဇွန်း ၂ ဇွန်းကို ထည့်ကာ ဆီသတ်ပေးပါ။ ထို့နောက် သီးခြားခပ်ထားသော
ဂဏန်းအဆီများ ထည့်ကာ အနံ့မွှေးလာတဲ့အထိ မွှေကျော်ပေးပါ။ ဂဏန်းများ ထည့်ပါ။ ဆား လက်ဖက်ရည် ဇွန်း ၁ ဇွန်း၊ အချိုမှုန့် ၁ ဇွန်း ၊သကြား ၁ ဇွန်းစီ ထည့်ကာ ထပ်မံ၍ မွှေပေးပါ။ ရေကို ဂဏန်းမြုတ်ရုံသာ ထည့်၍ အဖုံးအုပ်ကာ ၆/၇ မိနစ်ခန့် ထားပါ။ ဟင်းအရည် မပျစ်မကျဲ လေးဖြစ်လာရင် မဆလာ အနည်းငယ်
ပဲငံပြာရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်းထည့်ကာ မွှေ၍ အပေါ့အငံ မြည်းပါ။ အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုရင် ခေါက်မွှေထားသော ကြက်ဥကို လောင်းထည့်ကာ အနည်းငယ်
မွှေပေးပြီးရင် ချလိုက်လို့ ရပါပြီ။
Source: ကိုယ်တိုင်ချက်မယ်
      
MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment