Monday, December 4, 2017

နို့ ဆီကိတ်

နို့ ဆီကိတ် (Condensed milk pound cake)

ဒီနို့ ဆီကိတ်လေးက စားလို့ လဲအရမ်းကောင်းလို့ ရေးပေးလိုက်တယ်နော်။ အိမ်မှာနို့ ဆီကိတ်မုန့် လေးကို လုပ်ကြည့်တာ မထင်မှတ်လောက်အောင်ကိုကောင်းလို့  သူများတွေလဲသိအောင်လို့ ပြန်ရေးမယ်ဆိုပြီး ရေးဖြစ်တာပါ။ နွားနို့ နဲ့ သကြားအစား နို့ ဆီကိုသုံးထားတာပါ။ အရမ်းအနံ့ မွှေးပြ
ီး စားရတာ အရမ်းမချိုပဲ တော်တော်စားကောင်းပါတယ်။ လုပ်စားကြည့်နော်။



ပါဝင်သောပစ္စည်းများ (ကိတ်မုန့် ၂ လုံးစာ အတွက်)
၁။ ဂျုံ မှုန့် - ၁ ခွက် နှင့် ခွက် သုံးပုံ တပုံ
၂။ မုန့် ဖုတ်ဆော်ဒါ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ သကြား - ခွက် သုံးပုံ တ ပုံ
၎။ ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံတပုံ
၅။ ထောပတ် - ၁ ခွက်
၆။ ကြက်ဥ - ၃ လုံး
၇။ နို့ ဆီ - ခွက် လေးပုံ ၃ ပုံ
၈။ ဗင်နီလာအနံ့ - လက်ဖက်ရည်ဇွန်းတ၀က် (မထည့်လဲရပါတယ်)

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ Electric hand mixer (လျှပ်စစ်မွှေစက်) ကို အသုံးပြုလျှင် ပိုကောင်းပါတယ်။ မရှိလျှင် နာနာ ခလောက်ပေးမှ ကိတ်မုန့် ပွပွလေးရပါမယ်။ မုန့် ဖုတ်မည့် အိုးကို 350'F (180'C) မှာ အပူပေးထားပါ။ 
၂။ ဂျုံမှုန့် ၊ baking powder နှင့် ဆားတို့ ကိုရော၍ ဇကာချပေးပါ။ ( ဂျုံခဲလေးတွေ မပါအောင်လို့ ပါ)   ဇကာပေါ်မှာ ဂျုံလုံးလေးများကျန်နေရင် လွှင့်ပစ်လိုက်ပါ။
၃။ သကြားနှင့် ထောပတ်ကို ခလောက်ပေးပါ။ ( ၂ မိနစ်ခန့် ) နာနာခလောက်ပါ။
၎။ ထို့ နောက် နို့ ဆီကို ထည့်၍ ၁ မိနစ်ခန့် နာနာခလောက်ပါ။
၅။ ဂျုံမှုန့် အရောကို တ၀က်ဆီထည့်၍ သမအောင်ခလောက်ပါ။ 
၆။ ထို့ နောက် ကြက်ဥနှင့် ဗင်နီလာအနံ့ ကိုထည့်၍ ၂ မိနစ်ခန့် ခလောက်ပါ။
မုန့် နှစ်များပွပွလေးရလာပါလိမ့်မည်။
၇။ မုန့် ဖုတ်မည့်ခွက်ကို ထောပတ်သုပ်၍ မုန့် နှစ်များကိုထည့်ပြီး အပူပေးထားသော အိုးထဲမှာ မိနစ် ၄၀ (သို့ ) မိနစ် ၅၀ ထည့်ဖုတ်ပါ။ မုန့် သားကျက်မကျက်ကို သွားကြားထိုးတံဖြင့် မုန့် နှစ်ရဲ့ အလယ်ကိုထိုးကြည့်ပါ။ သွားကြားထိုးတံမှာ မုန့် နှစ်များကပ်မပါလာလျှင် ကိတ်မုန့် ကျက်ပါပြီ။
(အရမ်းသေးတဲ့အိုးနဲ့ ကိတ်မုန့် ဖုတ်လျှင် အပေါ်ယံတွေတူးတတ်ပါတယ်။ မိနစ် ၃၀ လောက်နေရင် ကိတ်မုန့် ကျက်မကျက်စမ်းကြည့်ပါ )
Source: Ei San's Homemade Inspiration

 MYKA Ecommerce
www.myka.com.mm



No comments:

Post a Comment