Monday, December 4, 2017

ပုစွန် ပြောင်းဖူးကြော်

ပုစွန် ပြောင်းဖူးကြော်
ပုစွန် ၂၀ ကျပ်သား
ငါးဖယ် ၅ ကျပ်သား
ပြောင်းဖူး ၂ ဖူး
ကြက်ဥ ၁ လုံး
ဆား အနည်းငယ်
သကြား
ငရုတ်ကောင်း
နှမ်းဆီမွှေး ၄ ၊၅ စက်
ကော်မှုန့် ၂ဇွန်း
ပဲအနောက်ရည် ၂ ၊၃စက်


ပုစွန်ကို အခွံခွာ၊ ရေဆေး ရေစစ်ထားပြီးထောင်းထားပါ။
ငါးဖယ်ကို အရိုးစစ်ပါ။ ပြောင်းဖူးကို ဓားနှင့်အပေါ်ယံလှီးပါ။
ဇလုံတစ်ခုထဲတွင် ပုစွန်၊ ငါးဖယ် ၊ပြောင်းဖူး ၊ ကြက်သွန်ဖြူ၊ ချင်းအရည်ညှစ်၊ ဆား ၊သကြား ၊ကော်မှုန့် ငရုတ်ကောင်း ၊နှမ်းဆီမွှေး၊ ကြက်ဥအကာ ထည့်၍ရောမွှေပါ။
အပြားလေးများလုပ်၍ ရေခဲသေတ္တာထဲ ၁ -၂နာရီခန့်ထည့်ထားပါ။
ဆီပူပူမှာ မီးအနေတော်ဖြင့်ထည့်၍ ရွှေရောင်သန်းသည်အထိကြော်၍ ဆီစစ်ပါ။ ဆီစစ်စက္ကူဖြင့်စစ်၍ ကြိုက်နှစ်သက်ရာအချဉ်ဖြင့် သုံးဆောင်လို့ ရပါပြီနော်။

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment