ငှက်ပျောဖူးသုတ်
၁။ ငှက်ပျောဖူးရဲ့ အခွံအမာများကို ခွာပြီး၊ အတွင်းဘက်မှ
အူတိုင်အမာကိုထုတ်ပြီး၊ မိမိနှစ်သက်သလို အထူ အပါးလှီးပါ။
၂။ ရေဇလုံထဲတွင် ဆားထည့်ပြီး၊ လှီးထားသော ငှက်ပျောဖူးကို
ခဏစိမ်ထားပါ။
၃။ ရေနွေးတည်ပြီး ဆူလာလျှင် ဆနွင်းမှုန့် ထည့်ပြီး၊ လှီးထားသော
ငှက်ပျောဖူးကို နူးအောင် ၁၅ မိနစ်ခန့် တည် ပါက အဖူးတွင်ပါသော အစီးများပါ
ထွက်သွားပါမည်။
၎။ ငှက်ပျောဖူးနူးလျင် ရေနွေးများသွန်ပြီး၊ ရေအေးအောက်တွင်
ဆေးချပြီး၊ ရေညှစ်၍ ရေစစ်ထားပေးပါ။
၅။ စားတော့မည်ဆိုလျင် ပုဇွန်ခြောက်မှုန့် ၊ ကြက်သွန်နီစိမ်း
ပါးပါးလှီး (နှစ်သက်မှ ထည့်ပါ)၊ မြေပဲအကျက် (မ ညက်တညက်ထောင်း) ၊ ငံပြာရည်၊
ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/ နီ ဆီချက် (ကြိုက်နှစ်သက်ရာသုံးပါ)၊ ပင် စိမ်း (သို့မဟုတ်)
ရှမ်းနံနံ ပါးပါးလှီး၊ သံပုရာသီး တခြမ်း ညှစ်၍ နှံ့ စပ်အောင် သုတ်ပါ။ ငရုပ်သီး
အစပ် နှစ်သက် ပါက အလှော်မှုန့်၊ ငရုပ်စိမ်း ပါးပါးလှီး (သို့မဟုတ်)
ငရုပ်ခြောက်ကြော်ကို အတောင့်လိုက်ကိုက်၍ စားနိုင်ပါ သည်။
လူနှင့်တည့်ပြီး အကျိုးကျေးဇူးများတဲ့ ငှက်ပျောဖူးသုတ်ကို
သုံးဆောင်နိုင်ပါပြီ။
Source: WinWin KT for FOOD@HOME
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment