သာကူကျို
သာကူစေ့ ၂၅ ကျပ်သားကို ရေတစ်ထပ် ဆေးပါ။
သကြား (သို့ ) ထန်းလျက် ကြိုက်နှစ်သက်ရာ ၂၀ သားကို ဆားနည်းနည်း ထည့်ပြီး ရေ ၃ လီတာနဲ့ကျိုပါ။
ဆူလာရင် အ၀တ်ပါးနဲ့စစ်ပြီးပြန်တည်ပါ။
ပွက်ပွက်ဆူလာတဲ့အခါ သာကူစေ့ ထည့်ပါ။
သာကူစေ့ မျက်စေ့ ပျောက်ခါနီးမှာ ချပါ။
သူ့အပူရှိန်နဲ့ သူ နပ်သွားပါမယ်။
ပသျှူးသာကူ လုပ်ချင်ရင်တော့ သာကူနဲ့အတူ ကန်စွန်းဥ အခွံခွာ အတုံးတွေဖြစ်စေ၊
အာလူး အတုံးသေးသေးတွေဖြစ်စေ ထည့်ကျိုပါ။
သာကူကို တချို့က အုန်းသီးခြစ်ပြီး ဖြူးစားသလို တချို့က အုန်းနို့ညှစ်ပြီး အရည်ဆမ်းစားပါတယ်။

MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment