Wednesday, December 27, 2017

ရှမ်းချဉ် ထမင်းကြော်

ရှမ်းချဉ် ထမင်းကြော်



ပါဝင်ပစ္စည်းများ
ရှမ်းချဉ် - 100 g
ထမင်း - ၁ လုံး
ပုစွန် - ၁၀ သား
CP ကြက်အူချောင်း - ၂ ချောင်း
ဂဏန်းချောင်း - ၂ ချောင်း
ဝက်အူချောင်း - ၅ ကျပ်သား
ပဲပြား - (၁) ဝက်
မုန်လာဥနီ (ကြီး) - (၁) ဝက်
ဘိုစားပဲ - ၅ တောင့်
ပန်းပွင့် - အနည်းငယ်
မုန်ညင်းထုပ် - အနည်းငယ်
ကြက်သားမှုန့် - ၁ ဇွန်း(စားပွဲတင်)
ပဲငံပြာရည် အကြည် - ၁ ဇွန်း(စားပွဲတင်)
ပဲငံပြာရည် အနောက် - ၁ ဇွန်း(စားပွဲတင်)
သကြား - ၁ ဇွန်း (လက်ဖက်ရည်)
ကြက်သွန်ဖြူ - ၅ မွှာ
ငရုတ်ပုထောင်း - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ကြက်ဥ

ပြုလုပ်နည်း
ပုစွန်ကို အခွံခွာ ချီးထုတ် ရေဆေးထားပါ ။
ကြက်အူချောင်း ၊ ဝက်အူချောင်း ၊ ဂဏန်းချောင်း ၊ အသီးအရွက် ၊ ရှမ်းချဉ်တို့ကို လှီးထားပါ ။
ထမင်းကို ကြက်သားမှုန့် အနည်းငယ်ဖြင့် နယ်ထားပါ ။
ဝက်အူချောင်း ၊ ကြက်ဥကို ကြော်ပြီး ဆယ် ထားပါ ။
အိုးထဲသို့ ဆီ ၃ ဇွန်းခန့် ထည့်ပြီး ၊ ပူလာလျှင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်ပါ ။ ပုစွန် ထည့်ပါ ။
ငရုတ်ပု ထောင်းထည့်ပါ ။ ကြက်အူချောင်း ၊ ဂဏန်းချောင်း ၊ ပဲပြားထည့်ပါ ။ ခဏမွှေပြီးလျှင် ရှမ်းချဉ် ထည့်ပါ ။
၂ မိနစ်လောက်နေလျှင် အသီးအရွက်များ ထည့်ပါ ။ သကြား ၊ ပဲငံပြာရည် အကြည်၊ အနောက် ၊ ကြက်သားမှုန့် ထည့်ပြီး မွှေပါ ။
အသီးအရွက်များ ရလျှင် နယ်ထားသော ထမင်းထည့်ပြီး မွှေပါ ။
အရသာ အနေတော်ဖြစ်လျှင် ကြက်သွန်ြမိတ် ၊ ငရုတ်ကောင်း ၊ နှမ်းဆီမွှေး ၂ စက်ခန့် ထည့်၍ ရပါပြီရှင်။

MYKA Ecommerce
www.myka.com.mm



No comments:

Post a Comment