Wednesday, December 27, 2017

ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်

ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်





 ကြက်ခြေတောက် ချဉ်စပ်ဟင်းရည်က ချက်ရလွယ်မှလွယ်နော်။
၁။ ကြက်ခြေထောက်ကို သန့်ရှင်းရေး လုပ်ပြီး နနွင်းမှုန့် အနည်းငယ်၊ ငံပြာရည် ၁ ဇွန်း (ထမင်းစားဇွန်း) ချက်မည့် အိုးထဲကို ထည့်ပါ။
၂။ ကြက်သွန်နီ ၁ လုံး ၈ စိပ် စိပ်၊ ကြက်သွန်ဖြူ ၄ မွှာ တပြားရိုက်၊ ခရမ်းချဉ်သီး ၁ လုံးကို ၈ စိပ်စပ်၊ စပါးလင် ၁ ချောင်းကို တပြားရိုက်၊ နံနံပင် အမြစ် ၃ ခုကို ထု၊ ငရုပ်သီး အစိမ်း ၅ တောင့်ကို ကွဲရုံ ထုထားတာတွေ အားလုံးကို ကြက်ခြေထောက် ထည့်ထားသည့် အိုးထဲထည့်ပြီး ရေကို ကြက်ခြေထောက် မြုပ်ရုံ ထည့်၍ မီးအေးအေးဖြင့် တည်ပါ ။
၃။ ကြက်ခြေထောက် နူးသည်အထိ ရေကို နဲနဲစီ ထည့်ပါ ။
၎။ ကြက်ခြေထောက်နူး၍ ဟင်းရည် ပွက်လျင် ရှောက်ရည်ညှစ်၊ ဆား အနည်းငယ် ခပ်ပြီး လှီးထားသည့် ငရုပ်သီး အနီဖြူး၊ နံနံပင် များများအုပ်၍ စားလို့ရပါပြီ ။
တကယ့်ကို အနံ့ အရသာ နင့် ပြည့်စုံပြီး စားလို့ မြိန်မယ့် ဟင်းတခွက်ပါ။
Source: FOOD@HOME

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment