Tuesday, December 12, 2017

ဆိတ်စွပ်နံပြား

ဆိတ်စွပ်နံပြား 🥘
ဆိတ်စွပ်နံပြား လုပ်နည်းကတော့
ဆိတ်ရိုးနှင့် နံရိုးကို ရေဆေး၍ ဆား ၊နနွင်း ၊ မဆလာနှင့် နယ်ထားပါ။
အိုးတစ်လုံးထဲသို့ ဆိတ်ရိုး ၊ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ ချင်း ၊ပျဉ်တော်သိမ်ရွက်ထည့်ပြီး လုံးချက်ချက်ပါ။
ပြီးရင် ရေထည့်ပြီးမိနစ် ၃၀/၄၀ ခန့်တည်ပါ။ ကုလားပဲခြမ်းကို
ရေ ၂ နာရီခန့် စိမ်ပြီး ရေဆေးကာပြုတ်ပါ။ နူးလျှင်ခြေထားပါ။
အိုးထဲသို့ ဆီပါလေကာထည့်ကာ ကြက်သွန်ဖြူထည့်ပါ။ နနွင်း ၊ငရုတ်ပုထောင်း အနည်းငယ် ထည့်ပါ။
ပျဉ်တော်သိမ် ထည့်ပါ။ ပြီးလျှင် ပဲပြုတ်ရည် ထည့်ပါ။
ရေလိုသလောက် ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျှင် ဆိတ်ရိုးပြုတ်ထည့်၍ ထပ်ဆူအောင် တည်ပါ။
ကြာကြာတည်ရင် ပိုကောင်းပါသည်။
ဆား၊ အချိုမှုန့်ထည့်ပါ ။ကြက်သွန်နီကြော် ၁ ဇွန်းခန့် ထည့်ပါ။
အရသာ အနေတော်ဖြစ်လျှင် မဆလာ၊ ပျဉ်တော်သိမ်ထည့်၍ ရပါပြီ။
အချဉ်အတွက် ဂေါ်ဖီ၊ ကြက်သွန်နီ ၊ဥနီ၊ သခွားသီး၊ ငရုတ်သီးစိမ်း ပါးပါးလှီးပါ။
ဆား၊ သံပုရာသီး ညှစ်ထည့်ပြီး ပူစီနံ ပါးပါးလှီးထည့်ကာ ရပါပြီရှင်။
ဆိတ်ရိုးပြုတ်ချိန် ပဲကို ရေစိမ်ရေဆေးပြီး တစ်ခါထဲ ထည့်ချက်လဲ ရပါတယ်ရှင်။




Source: ချက်ကြစို့

MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment