တုတ်ထိုးစုံပြုလုပ်နည်း
ငါးဖယ် ၁၅ ကျပ်သား
အာလူးသေး ၂၀ ကျပ်သား
သခွားသီး ၂လုံး
ပဲပြား ၂ တုံး
ပဲသွေး ၅ ခု
ငုံးဥ ၁၅ လုံး
အသားတု ၁ထုပ်
ငါးဖယ်များကို အရသာမှုန့် ၊ နနွင်းမှုန့်နှင့် ဆားတို့ကိုထည့်၍ စေးနေအောင်နယ်ကာ အလုံးချွန်လေးများပြုလုပ်၍ ဆီပူပူတွင်ကြော်ထားပါ။
အာလူးလေးများကို ပြုတ်၍ အခွံခွာကာ အရသာမှုန့်၊ ဆား ၊ငရုတ်အရောင်တင်မှုန့် အနည်းငယ်နဲ့ရောနယ်ပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် အာလူးများကိုထည့်လှိမ့်ကာ အရောင်ရလျှင်ဆယ်ထားပါ။
သခွားသီးကို အရှည်လေးများလှီးထားပါ။
ပဲပြားကို တြိဂံပုံအတုံးလေးများတုံး၍ နနွင်းမှုန့် ၊ဆားနှင့်နယ်ကာ ရွှေဝါရောင်သမ်းသည်အထိ ကြော်ထားပါ။
ပဲသွေးကို တစ်ခုလျှင် (၃)တုံး လှီး၍ အရသာမှုန့် ၊ ဆားနှင့်ရေခမ်း ပြုတ်ထားပါ။
ငုံးဥကို ပြုတ်ပြီး အခွံခွာ၍ ပဲငံပြာရည်အပျစ်အနည်းငယ်နှင့် ဒယ်အိုးထဲတွင် လှိမ့်ပေးထားပါ။
အသားတုများကို ရေစိမ်၍ ပျော့လာလျှင် ရေညှစ်ထုတ်ကာ ဆီပူပူတွင်ကြော်ကာ ဆယ်ထားပါ။
မန်ကျည်းမှည့်အချဉ်ရည်
မန်ကျည်းသီးမှည့် စားပွဲတင်ဇွန်းဝက်
ထန်းလျက်ခဲ ၂လုံး
ငရုတ်ဆီ စားပွဲတင်ဇွန်း၁ဇွန်း
ကြက်သွန်ဖြူ အနည်းငယ်
ချင်း အနည်းငယ်
နံနံပင် အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
မန်ကျည်းသီးမှည့်နှင့် ထန်းလျက်ခဲကို ရေ (နို့ဆီဗူးဝက်)ခန့်နှင့်
ရော၍ကျိုပေးပါ။ အနှစ်ရလာလျှင် ဆန်ကာဖြင့်စစ်၍ ပန်းကန်လုံးထဲသို့ထည့်ပါ။
ထိုပန်းကန်လုံးထဲသို့ ငရုတ်ဆီ ၊ဆားအနည်းငယ် ၊ချင်း၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူထောင်းကိုထည့်၍ မွှေပေးပါ။
ထိုပန်းကန်လုံးထဲသို့ ငရုတ်ဆီ ၊ဆားအနည်းငယ် ၊ချင်း၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူထောင်းကိုထည့်၍ မွှေပေးပါ။
ထို့နောက် အနည်းငယ်အေးလျှင် နံနံပင်ကိုပါးပါးလှီးထည့်၍မွှေပေးပါ။
ထို့နောက် ငါးဖယ်၊ အာလူး၊ သခွားသီး၊ ပဲပြား ၊ပဲသွေး ၊ငုံးဥ ၊အသားတုတို့ကိုတုတ်ထိုး၍ အချဉ်ရည် ကြာဆံကြော်တို့ဖြင့်သုံးဆောင်နိုင်ပါပြီ။
ထို့နောက် ငါးဖယ်၊ အာလူး၊ သခွားသီး၊ ပဲပြား ၊ပဲသွေး ၊ငုံးဥ ၊အသားတုတို့ကိုတုတ်ထိုး၍ အချဉ်ရည် ကြာဆံကြော်တို့ဖြင့်သုံးဆောင်နိုင်ပါပြီ။
Source: ဟင်းချက်နည်းများ
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment