Tuesday, December 19, 2017

ခဝဲသီး ပုဇွန်ရေချိုချက်

ခဝဲသီး ပုဇွန်ရေချိုချက်



ပါဝင်ပစ္စည်းများ
- ခဝဲသီး (အခွံဇောင်းလေးများ ခြစ်ထားပါ)
- ပုဇွန် အနည်းငယ်
- ဆား အနည်းငယ်
- နနွင်း အနည်းငယ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး
- ငံပြာရည် အနည်းငယ်
- နံနံပင် အနည်းငယ်
- နံနံပင် အမြစ်

ပြုလုပ်နည်း
၁။ ပုဇွန်ကို ဆား ၊ နနွင်း နယ်ထားပါ ။
၂။ အိုးထဲတွင် ပုဇွန် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ နံနံပင်အမြစ် ၊ ဆီတို့ကို သေသေချာချာ လုံး၍တည်ပါ။
၃။ လုံးထားတာများ အိလာပြီဆိုမှ ရေနွေးထည့်ပါ။
၎။ ရေဆူလာလျှင် ငံပြာရည်အနည်းငယ်ထည့်ပြီး ၊ ခဝဲသီးကို နှစ်သက်သလိုလှီးထည့်ပါ။
၅။ ခဝဲသီးကို မနူးခင် မီးဖိုမီးကို ပိတ်လိုက်ပါ။ သူ့အငွေ့နှင့်သူ ကျက်သွားပါမည်။
အရသာ အပေါ့အငံမြည်း၍ နံနံပင်အုပ်ပြီး ပူပူလေးစားလို့ရပါပြီ ။
ခဝဲသီးချိုချို ၊ လတ်ဆတ်တဲ့ပုဇွန်ချိုချိုလေးဆိုတော့ အချိုမှုန့်မလိုပဲ ချက်၍လွယ်ကူပြီး အရသာရှိတဲ့ဟင်းလေး တစ်ခွက်ပါ။

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment