ရှမ်းခေါက်ဆွဲ
ပါဝင်ပစ္စည်းများ
ရေစိမ်ခေါက်ဆွဲ ၁ ထုပ်
ကြက်ရင်ပုံသား ၄၀၀ ဂရမ် (နုပ်နုပ်စင်း)
ကြက်ရိုး ၁ ခု
ကြက်သွန်နီ ၂ လုံး
ခရမ်းချဉ်သီး ၃ လုံး
ကြက်သွန်ဖြူ ၁၀ တက်
နှမ်းလှော် ၃ ဇွန်း (ထမင်းစားဇွန်း)
မြေပဲလှော် ၂ ဇွန်း
ပွာားကျောင်း(ခ) Sichuan ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ရှားကော၊ ပါးကောမှုန့်  ၁ ဇွန်း
နံနံပင်+ ကြက်သွန်မြိတ် နှစ်သက်သလို
ကြက်ရိုးကို သန့် စင်စွာဆေးပြီး ချင်း တစ်တက်ကို ရိုက်ပြားကာ၊ ဆား၊ ပာင်းခတ်မှုန့် တို့ နှင့်အတူပြုတ်ပါ။ အညစ်အကြေးတွေ စစ်ထုတ်ပြီး သန့် စင်ကြည်လင်အောင် ဂရုပြုပါ။
ကြက်သွန်နီ၊ ခရမ်းချဉ်သီးကို နုပ်နုပ်စင်းပြီး ဆီသတ်ပါ။ အတန်ငယ် နွမ်းသွားလျှင် နုပ်နုပ်စင်း
ထားသော ကြက်သားတွေ ထည့်ပြီး ပာင်းအနှစ်ပုံစံ ချက်ပါ။
ကြက်သွန်ဖြူကို ထောင်းပြီး ဆီအနည်းငယ်နှင့် ဆီချက်သတ်ပါ။
နှမ်းလှော်၂ ဇွန်းကို အနည်းငယ်ထောင်းပြီး ၊ ရှားကော၊ ပါကောမှုန့် ၊ ပွာားကျောင်း တို့ နှင့်အတူ ဆီပူလောင်းချပြီး ဆီသတ်ပါ။
ငရုတ်သီးဆီချက်အတွက်လည်း ငရုတ်သီးလှော်မှုန့် ကို နှမ်း ၁ ဇွန်းနဲ့ ရောပြီး
ဆီပူလောင်းဆီသတ်ပါ။
ဒါတွေ ပြင်ဆင်ပြီးရင် ရေစိမ်ခေါက်ဆွဲ တစ်ပွဲစာကို မိမိနှစ်သက်ရာ အရွက်တစ်ခုခုနဲ့ ရေနွေးဆူဆူမှာ
ဖျောပြီး ပဲငံပြာရည် အကြည်လေး အနည်းငယ် ဖြည့်စွက်ပြီး ပါဝင်ပစ္စည်းများကို မိမိနှစ်သက်သလို သုံးဆောင်ပါ။
ရေစိမ်ခေါက်ဆွဲတစ်ထုပ်ကို လူ (၆) ယောက်လောက် စားလို့ ရပါတယ်။ အစည်း အခြောက် ၁ စည်းကို ရေစိမ်သုံးမယ်ဆိုရင်တော့ ၁ စည်းကို လူ (၃) ယောက် လုံလောက်စွာစားလို့ ရပါတယ်။

Source:
ဟင်းချက်နည်းများ
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment