Wednesday, December 13, 2017

အုန်းသီးသာကူလုံး (သာကူပြင်)

အုန်းသီးသာကူလုံး (သာကူပြင်) လုပ်နည်းလေးပါ။ 
လွယ်ကူတဲ့ အချိုပွဲလေးနော်....



အုန်းသီး သာကူလုံး ပြုလုပ်ရန်
ပါဝင်ပစ္စည်းများ
၁။ သာကူ ၁ ခွက်
၂။ သကြား (ထမင်းစားဇွန်း၁၂ ဇွန်း)
၃။ အုန်းသီး ၁ စိတ်
၎။ ရေသန့်ဘူး တဝက်
၅။ ဆားအနဲငယ်
(၁ ခွက်ဆိုတာက ထမင်းစားဇွန်း ၁၆ ဇွန်း အတိ ထည့်ရပါတယ်)

အုန်းသီးသာကူလုံး ပြုလုပ်နည်းအဆင့်ဆင့်>>>
၁။ သာကူ (၁ခွက်)၊ သကြား (၁၂ဇွန်း) အတိအကျချိန်ပီး ထည့်ထားပါ။
၂။ အုန်းသီး ၁ စိတ်ကို ခြစ်ထားပါ။
၃။ သာကူကို ရေဆေးပြီး ရေစစ်ထားပါ။
၎။ ရေ (ရေသန့်ဘူးတဝက်ခန့်) ကို ပွက်ပွက်ဆူအောင်တည်ထားပါ (အတိကျထည့်ပါ ရေများရင် သာကူမခဲပါဘူး)
၅။ ရေပွက်ပွက်ဆူလာရင် ဆားအနဲငယ် ထည့်ပါ (ပါလေကာ)
ပြီးရင် ခုနက သာကူရေဆေးထားတာတွေ ထည့်ပြီး (၄ မိနစ်ခန့်) မွှေနေပေးပါ။
၆။ နောက်ဆုံးမှ သကြား (၁၂ ဇွန်းကို)ထည့်ပြီး သာကူစေ့တွေရဲ့ အလည်အဖြူအစံလေး ပျောက်ခါနီးရင် မီးပိတ်ြပီး အအေးခံမယ့် ဗန်းထဲထည့်ကာ အအေးခံပါ (သကြားကို နောက်ဆုံးမှထည့်ပေးပါ အရင်ထည့်ရင် သာကူတွေ မတွဲဘဲပျက်သွားတတ်ပါတယ်)
၇။ နာရီဝက်လောက် အအေးခံပြီးရင် သာကူများကို ကတ်ကြေးဖြင့် အတုံးအနေတော်လေးတွေ တုံးပြီး ခုနကခြစ်ထားတဲ့ အုန်းသီးဖတ်တွေဖြင့်လူးကာ အရသာရှိလှတဲ့
"အုန်းသီးသာကူလုံး" လေးကို သုံးဆောင်လို့ရပါပြီ

တချို့ က အချိုရည်တွေ (အစိမ်း/အဝါ/အနီ)ရောင်တွေ ထည့်ပြီးလုပ်ပါတယ်။ အဲ့လိုအရောင်လေးနဲ့ လုပ်ချင်ရင်တော့ (နံပါတ် ၅ အချက်မှာ ပြောထားသလိုမျိုး ဆားထည့်ရင်းနဲ့ အချိုရည်ရောထည့်ပြီး ကျိုပေးရမှာပါ)
Source: Zunpwint Htin

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment