Thursday, December 7, 2017

စားချင်စိတ်မရှိတဲ့သူကို စားချင်စိတ်ပြန်ရှိလာစေတဲ့ဟင်းလေးများ

စားချင်စိတ်မရှိတဲ့သူကို စားချင်စိတ်ပြန်ရှိလာစေတဲ့ဟင်းလေးများ

ကြက်ရိုးသောက်ဆမ်းဟင်းစပ်စပ်၊ မုန်လာပင်ပေါက်ချဉ်ရည်၊ ငါးပိရည် တို့စရာ

ကြက်ရိုးသောက်ဆမ်းဟင်းချက်နည်းလေးပါ
ကြက်ရိုး၊ ကြက်တောင်ပံ၊ ကြက်လည်ချောင်း၊ ကြက်ကျောကုန်းနဲ့ ခြေထောက်တို့ကိုချက်မည့်အိုးထဲတွင် ထည့် ၍ နနွင်းမှုန့်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ / နီ၊ ခရမ်းချဉ်သီး ၊ ထုထားသည့်ငရုပ်သီးစိမ်းနှင့် စပါးလင်၊ ဆီ ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း) ၊ ဆား၊ ရေကို ကြက်မြုပ်ရုံထည့်၍ မီးအေးအေးဖြင့်တည်ပါ။
ဟင်းရည်ပွက်လာလျင် ရေနွေးတခွက်ခန့်ထည့်ပြီး ကြက်သားနူးလျင် အပေါ့အငံမြည်းပြီး လိုအပ်သည်များကို ပြင်၍ နံနံပင်အုပ်ပြီး ကြက်သောက်ဆမ်းစပ်စပ်လေးကို စားလို့ရပါပြီ။




Source: WinWin KT for FOOD@HOME

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment