Saturday, December 23, 2017

မာလာဟော့ပေါ့

မာလာဟော့ပေါ့
ခရစ္စမတ်ပိတ်ရက်လေးမှာ အိမ်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လုပ်စားလို့ ရအောင် မာလာဟော့ပေါ့ လုပ်နည်းလေးကို တင်ပေးလိုက်တယ်နော်။ လုပ်ရတာလဲ လွယ်ကူပါတယ်....


ပါဝင်ပစ္စည်းများကတော့
ပဲကြာဇံ
အသားတု
ကျောက်ပွင့်
ကြွက်နားရွက်မှို
ကြက်သွန်ဖြူ
ကြက်သွန်နီ
ချင်း
ငရုတ်သီးမှုန့်
ကြက်သား (သို့) ဝက်သား (သို့) အမဲသား
ပဲငပိ အရည်
ဆား
ဟင်းခတ်မှုန့်
နှမ်းမွှေးဆီဆော့
ပုဇွန်
ကြက်အူချောင်း
ငါးဖယ်လုံး
ပြောင်းဖူး
ဟင်းသီးဟင်းရွက်
ကြက်ဥ
ပန်းဂေါ်ဖီ
မုန်ညင်းရွက်
ပြင်ဆင်ပြုလုပ်နည်း
ပထမဦးဆုံး ထည့်စားမယ့် အစာပလာတွေ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို) တို့ ကို နာရီဝက်၊ တစ်နာရီလောက် ရေစိမ်ထားပါ။
ပြီးရင် ကြက်သွန်ဖြူ /နီ ၊ ချင်း နည်းနည်းနဲ့ ငရုတ်သီးမှုန့်တို့ ကို ဆီသတ်ပါ ။ ကိုယ်စားချင်တဲ့ ကြက်သား၊ ဝက်သား၊ အမဲသား တစ်မျိုးမျိုးကို ပြုတ်၍ အရိုးပါထည့်ရင် ဟင်းရည်ပိုချိုပါတယ်။
ထို့ နောက် ဟင်းရည်ထဲကို ပဲငပိအရည် ဖျော်ထည့်ပါ။ မွှေးပြီးတော့ အရသာ လေးလေးပင်ပင်ဖြစ်အောင် ဆား ၊ ဟင်းခတ်မှုန့်တို့ပါ အနေတော် ထည့်ပါ။ Sesame လို့ခေါ်တဲ့ နှမ်းမွှေးဆီဆော့ပါ ထည့်ရင် ပိုမွှေးပါတယ်။
ဟင်းရည် တည်ထားတုန်းမှာ ကိုယ်ထည့်ပြုတ်စားချင်တဲ့ အသား ၊ ပုဇွန် ၊ ကြက်အူချောင်း ၊ ငါးဖယ်လုံးနှင့် ပြောင်းဖူး၊ ဟင်းသီး ဟင်းရွက်တွေကို အဆင်သင့် ပြင်ဆင်ထားပါ။
ဟင်းရည်က ပွက်ပွက်ဆူလာပြီ၊ ဟင်းအနှစ်တွေလဲ အနယ်ထိုင်လာပြီဆိုရင်တော့ ပထမဦးဆုံး ရေစိမ်ထားတဲ့ (ပဲကြာဇံ၊ အသားတု၊ ကျောက်ပွင့်၊ ကြွက်နားရွက်မှို၊ စားချင်တဲ့အသား၊ ပုဇွန်) တို့ ကို
ဟင်းရည်အိုးထဲ ထည့်ပြုတ်လို့ ရပါပြီ။
ပြီးရင် အကျက် နည်းနည်းကြာတဲ့ မှို၊ ပြောင်းဖူး၊ အသားလုံး၊ ကြက်အူချောင်းတို့ပါ ထည့်ပြုတ်ပြီး မီးကို အေးအေးထားပြီး နောက်ဆုံး စားခါနီးမှ ကြက်ဥဖောက်ထည့်ပါ။ ပန်းဂေါ်ဖီ၊ မုန်ညင်းရွက်တို့ကို နောက်ဆုံးမှ ထည့်လိုက်ပါ။
ပြီးရင်တော့ အရသာရှိလှတဲ့ မာလာဟော့ပေါ့ကို စားလို့ ရပါပြီရှင်။
Source: Green Light Block

MYKA Ecommerce

No comments:

Post a Comment