Tuesday, December 26, 2017

ငါးချိုချဉ်ကြော်

ငါးချိုချဉ်ကြော်



 
တိလားဗီးယား (ဇလားဗီးယား) ငါးနှစ်​​ကောင်ကို ရေဆေးသန့်စင်ပြီး ဆား၊ အချိုမှုန့် ၊ ငံပြာရည်၊ နနွင်းမှုန့် ထည့် ပါ။ သံပုရာရည် အနည်းငယ်ထည့်ပြီး (နာရီဝက်ခန့်) နှပ်ထားပါ။ ပြီးရင် ဆီများများနဲ့ ကြော်ပါ။
ကြော်ပြီးသော ငါးကြော်ကို ပန်းကန်ထဲ ထည့်ထားပါ။ မုန်လာဥနီ၊ ပန်းပွင့်၊ ဟိုတယ်​​ပြောင်း၊ မုန်ညင်း အနည်းငယ် ငရုပ်ပွသီး အဆင်​​ပြေသလိုလေး လှီးဖြတ် ရေဆေးပြီး ဇကာဖြင့် စစ်ထားပါ။ ငရုပ်ဆီ နှစ်ဇွန်း၊ ကော်မှုန့် တစ်ဇွန်း၊ သကြား တစ်ဇွန်းကို ရေထည့်ပြီး ခလောက်ထားပါ။ ငါးကြော်ထားတဲ့ ဆီများ ခပ်ဖယ်ထားပြီး လိုသလောက် သုံး/လေးကျပ်သားခန်လောက်ပဲ သုံးပါမယ်။ ဆီပူလာလျှင် ကြက်သွန်နီ နှစ်လုံး/ သုံးလုံးခန့်၊ လေးစိပ်/ ရှစ်စိပ် သင့်သလို စိပ်ပြီး ဆီပူအိုးထဲ ထည့်ပါ။ အသီးအရွက်များ ထည့်ပါ (ကြက်သွန် ကျက်​​အောင်စောင့်ပဲ တစ်ဆက်ထဲထည့်ပါ ) ခရုဆီ ဟင်မွှေဇွန်း တစ်ဇွန်းစာထည့်ပါ။ ပဲငံပြာရည် အကျဲ အနည်းငယ်၊ အရသာမှုန့် ထည် အဖုံးအုပ်ပြီး တစ်မိနစ်​​လောက်တည်ပါ။ အသီးအရွက် အနည်းငယ်နွမ်းသွားလျှင် ဖျော်ထားသော ချိုချဉ်အရည်ထည်မွှေပေးပါ။ ရေ အနည်းအများကြည့်ပြီး ရေနွေးလိုက်ထည့်ပါ။ အရည်နေအထား အနည်းအများ ရပြီ ဆိုရင်​​တော့ ကြော်ထားတဲ့ ငါးပေါ်ကို လှတပတလေး ဖြူးပေးပါ။ အရသာရှိတဲ့ ငါးချိုချဉ်ကြော်ရပါပြီ....

 MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment