Tuesday, December 5, 2017

မုန့်ကြာစေ့ ရွှေကန်ဇွန်းဥပြုတ်

မုန့်ကြာစေ့ ရွှေကန်ဇွန်းဥပြုတ်





မုန့်ကြာစေ့အတွက်
ကောက်ညှင်းမှုန့် ၃ ခွက် ၊ဆန်မှုန့် ၁ ခွက်ကို နဲနဲလျော့ပြီး ၊ ဆားဇွန်းသေး ၁ ဇွန်းခန့် ထည့်ပြီး ရေနဲနဲစီ ထည့်ပြီး မုန့်နှစ်ကို နယ်ပါ။
ပြီးရင် ၂ နာရီလောက် နှပ်ထားလိုက်ပါ ။
ပြီးလျင် မုန့်ကြာစေ့ အလုံးလေးများ လုံးထားပါ ။ 
ရေနွေးကို ဆူပွက်အောင် တည်ထားပါ ။ 
ရေနွေးဆူပွက်နေသည့်အထဲသို့ မုန့်ကြာစေ့များကို ထည့်ပြုတ်ပါ ။ 
မုန့်ကြာစေ့များ ကျက်လျင် မုန့်လုံးရေပေါ်ကဲ့သို့ ရေပေါ်ကိုပေါ်လာပါလိမ့်မည် ။
ပေါ်လာသည့် မုန့်ကြာစေ့များကိုဆယ်၍ ရေခဲများနှင့်ရေထည့်ထားသည့် ဇလုံထဲသို့ထည့်ပါ။
ရွှေကန်ဇွန်းဥ
ရွှေကန်ဇွန်းဥကို အခွံခွာ၍ အတုံးလေးတုံးပြီး ရေထဲတွင်ထည့်ပြုတ်ပါ။ ကန်ဇွန်းဥ နူးကာနီး ဆပ်တောက်တောက်အချိန်တွင် မီးပိတ်၍ အိုးအဖုံးအုပ်ထားလိုက်ပါ ။ ( သူ့အငွေ့နှင့်သူ ကျက်သွားပါမည်။ ကျက်မှမီးပိတ်လျင် ပျော့ပြဲသွားပါလိမ့်မည် )
အုန်းနို့ရည် ၃ ခွက် လျင် နွားနို့ ၁ ခွက်ခွဲ ထည့်၍ ဆားနဲနဲထည့်၍ ကျိုပါ ။
အုန်းနို့ရည်ပူလာလျင် ရွှေကန်ဇွန်းဥပြုတ်နှင့် မုန့်ကြာစေ့ကိုထည့်ပါ ။ ( ထန်းလျက်ရည်ကို အုန်းနို့အိုး ထဲတွင် ရော၍ မကျိုပါ။ သပ်သပ်ခွက်လေးနှင့်ပေးပါ။ နှစ်သက်သလောက် ထည့်စားရန် ဖြစ်ပါတယ်)
မုန့်ကြာစေ့ နှင့် ကန်ဇွန်းဥပြုတ်နှင့်စားရန် အုန်းသီးခြစ်နှင့် ထန်းလျက်ရည်ကို ပန်းကန်လုံး သပ်သပ်ထဲတွင် ထည့်ပေးပါတယ်။ မိမိနှစ်သက်သလောက် အုန်းခြစ် နှင့် ထန်းလျက်ရည်ကို ထည့်စားရန် ဖြစ်ပါတယ်။
မုန့်ကြာစေ့နှင့်ကန်ဇွန်းဥပြုတ် အုန်းနို့ရည်ပူပူလေးကိုစားရန် အဆင်သင့်ဖြစ်ပါပြီ။
Source: WinWin KT . FOOD@HOME

MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment