Monday, December 11, 2017

Pancake

Pancake ( ၇ ခုစာ)




လုပ်နည်းကလဲ လွယ်ကူတယ်။ အိမ်မှာလုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဂျုံမှုန့် (all-purpose flour) - ၁ ခွက်
၂။ နွားနို့ - ခွက် လေးပုံ သုံးပုံ (သို့ ) ထမင်းစားဇွန်း ၁၂ ဇွန်း
၃။ ဗင်နီဂါ (vinegar)- ထမင်းစားဇွန်း - ၂ ဇွန်း
၎။ အရည်ပျော်နေသော ထောပတ် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
၆။ baking powder - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ကြက်ဥ - ၁ လုံး

ပြုလုပ်နည်း
၁။ ကြက်ဥ ကိုခလောက်ထားပါ။
၂။ ဇလုံတခုထဲတွင် ဂျုံမှုန့် ၊ သကြား၊ဆား၊ ဆော်ဒါ (baking soda) နှင့် baking powder တို့ ကို ရော၍ သမအောင် လုပ်ပါ။
၃။ ထို့ နောက် ဇလုံထဲကိုခလောက်ထားသော ကြက်ဥ၊ ဗင်နီဂါ၊ နွားနို့ နှင့် အရည်ပျော်နေသော
ထောပတ်တို့ ကို ထည့်၍ သမအောင် ခလောက်ပါ။ (ဂျုံမှုန့် အခဲများမကျန်အောင်အထိ ခလောက်ပါ။)
၎။ Pancake လုပ်ရန် အတွက် မကပ်တဲ့ဒယ်အိုးကို အသုံးပြုပါ။ (ဒယ်အိုးထဲမှာ ဆီထည့်စရာလုံးဝမလိုပါ။ ဆီထည့်လိုက်ရင် Pancake ရဲ့ မျက်နှာပြင်သားများ မလှတော့ပါ။)
၅။ ဒယ်အိုးကို medium heat ဖြင့် အပူပေးပါ။ မုန့် နှစ်ရည်ကို ဟင်းချက်ရင်သုံးတဲ့ဇွန်းဖြင့် ခပ်၍ထည့်ပါ။ ( ကြိုက်နှစ်သက်ရာ အရွယ်အစားလုပ်နိုင်ပါတယ်။ သေးသေးကြိုက်ရင်တော့ လျော့ထည့်ပါ။)
၆။ မုန့် သားမှာ အပေါက်လေးများဖြစ်လာရင် မုန့် ကိုနောက်တဖက်လှန်ပါ။ (အောက်ဖက်က မုန့် သားကျက် မကျက် မသေချာလျှင် ယောင်းမဖြင့်အသာလေးမကြည့်ပါ။)
၇။ နှစ်ဖက်လုံး မုန့် သားများကျက်လျှင် မီးဖိုပေါ်ကချ၍ထောပတ် ၊ခရမ် (whipping cream)၊ အချိုရည်တို့ ဖြင့် သုံးဆောင်နိုင်ပါပြီ။
Source: Ei San's Homemade Inspiration

MYKA Ecommerce
www.myka.com.mm

No comments:

Post a Comment