Friday, December 15, 2017

နို့ စိမ်းခေါက်ဆွဲချက်နည်း

နို့ စိမ်းခေါက်ဆွဲချက်နည်း






ခေါက်ဆွဲ ၁ ပိသာ၊ နို့ စိမ်း တစ်ဘူး
ကြက်သား ၂၀ ကျပ်သားကို ရေဆေးပြီး အတုံးသေးသေးတုံးပါ။ ဘဲဥ ၅ လုံးပြုတ်ပြီး အခွံနွှာပါ။
ကြက်ရိုး (တောင်ပံ ၊ခြေထောက်) ၃၀ ကျပ်သား
ပဲပြား ၂ တုံးကို ရေဆေး ၊ အတုံးသေးသေးလေး တုံးပါ။
မွှေး ပဲစိမ်းမှုန့် ၂၅၀ ကျပ်တန် ၁ ထုပ်ကို ရေနှင့်ပျစ်ပျစ် ပျော်အောင်ဖျော်ထားပါ။
ကြက်သွန်ဖြူ ၂ တက်၊ အခွံနွှာ ညက်ညက်ထောင်းပါ။
ချင်း လက်နှစ်ဆစ် အခွံနွှာ ညက်ညက်ထောင်းပါ။
ကြက်သွန်နီ ဥကြီး ၄ လုံးကို ပါးပါးလှီးပါ။

ချက်နည်း
၁။ ကြက်ရိုးကို ငံပြာရည်အချိုရည် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ သကြား ဟင်းခတ်ဇွန်းတစ်ဇွန်း ထည့်ပြီး ပြုတ်အိုးတည်ထားပါ။
၂။ ကြက်သွန်ဖြူ၊ နီ ၊ချင်း တို့ကိုဆီသပ်ပါ။
နနွင်းမှုန့် အနည်းငယ်၊ ငရုပ်စိမ်းမှုန့် အနည်းငယ်ထည့်ပါ။ မွှေးနီလာပါက တုံးထားသောကြက်သားနှင့်
ပဲပြားထည့်၍ ကြော်ထားပါ။
၃။ ကြက်ရိုးပြုတ်အိုးဆူလာပါက ပဲစိမ်းဖျော်ရည်ကို နှံ့အောင်ပြန်မွှေ၍ ကြက်ပြုတ်ရည်ထဲထည့်ပါ။ မကြာခဏ ဆူလာသည်အထိ မွှေပေးပါ။
၎။ ပဲစိမ်းရည်ဆူလာပါက ကြက်သားဆီသပ်ကို ဆီစစ်ပြီးထည့်ပါ။ နို့ စိမ်းဘူး ဖောက်ထည့်ပါ။
၅။ ကြက်သွန်နီ ဥသေးလေးများ ၁၅ ကျပ်သားခန့် အခွံနွှာ၍ အလုံးလိုက် ထည့်ပါ။
၆။ ပဲသွေးကြိုက်ပါက ရေဆေးပြီး တုံး၍ထည့်ပါ။
၇။ ဘဲဥပြုတ် ၅လုံး ပါးပါး လှီးထည့်ပါ။
ဟင်းအရသာအတွက် ဆားနှင့် ဟင်းခတ်မှုန့်ကိုသာ ချိန်ဆထည့်ပါ။ ငံပြာရည် သိပ်မထည့်ပါနဲ့ ။ အနံ့ကဲသွားနိုင်ပါသည်။ ကြက်သွန်ဥလေးများ နူးလာလျှင် ခေါက်ဆွဲနှင့် တွဲဖက်၍ စားသုံးနိုင်ပါပြီ။
မုန်ကြွပ်ကြိုက်လျှင် မုန်ကြွပ်ကြော်နှင့် ကြက်သွန်စိမ်း တွဲဖက်စားသုံးပါရှင့်။
အိမ်မှာချက်စားသောနည်းဖြစ်ပါတယ်.....
Source: Shan Kha

MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment