Wednesday, December 20, 2017

လက်ဖက် ထမင်းကြော်

လက်ဖက် ထမင်းကြော်

မနက်စာကို ဘာစားကြည့်ချင်ကြလဲ။ ကျမကတော့ လက်ဖက်ထမင်းလေးကို ကြော်ပြီး ကြက်ဥကြော်လေးနဲ့ လုပ်စားလိုက်တယ်။ ရေနွေးကြမ်း ကြိုက်တဲ့ ဖေဖေကြီး နဲ့ မေမေကြီးကတော့ ရေနွေးကြမ်းနဲ့ပေါ့ ။ ကျမတို့ မောင်နှမတွေအတွက်ကတော့ လက်ဖက်ရည် ချိုဆိမ့်လေးနဲ့ဆိုတော့ သာသာယာယာလေး ရှိသွားတာပေါ့။



ပါဝင်ပစ္စည်းများ
လက်ဖက်သား
ဆီ
ထမင်း
ဆား
ကြက်ဥကြော်
အကြော်စုံ

ပြုလုပ်နည်း
ဆီပြန်ဟင်းများ မစားချင်သူတွေအတွက် လက်ဖက်သားကို ကျေနေအောင် နယ်ထားပါ။
ဒယ်အိုးထဲသို့ ဆီလေး ထည့်ပါ။
နယ်ထားသော လက်ဖက် ထည့်ပါ။
ထမင်းထည့်ပါ ။ ဆားထည့်ပါ ။
လက်ဖက်နံ့ သင်းသင်းလေးနဲ့ စားကောင်းပါတယ် ။
ကြက်ဥကြော် ၊ အကြော်စုံ ၊ ရေနွေးပူပူလေးတစ်ခွက်နဲ့ တွဲဖက်စားနိုင်ပါပြီ။


MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment