ရှူးရှဲကော်ရည်ခေါက်ဆွဲလေးပါ...
ပါဝင်ပစ္စည်းများကတော့
ကြက်သား ၁ ကောင် + ကြက်ရိုးများ
ခေါက်ဆွဲ
ဂေါ်ဖီ (ပါးပါးလှီး၍ ရေနွေးဖျောထားပါ)
ပဲပင်ပေါက် (ရေနွေး ဖျောထားပါ)
မှိုခြောက် (၄ စိတ်စိပ်၍ ရေစိမ်ထားပါ)
ပဲပြားခြောက် (ရေစိမ်ပြီး ခပ်ထူထူလှီး၍ ထည့်ပါ)
တရုတ်နံနံ (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် (ပါးပါး လှီးထားပါ)
ကြက်သွန်ဖြူကြော်
ခေါက်ဆွဲ
ဂေါ်ဖီ (ပါးပါးလှီး၍ ရေနွေးဖျောထားပါ)
ပဲပင်ပေါက် (ရေနွေး ဖျောထားပါ)
မှိုခြောက် (၄ စိတ်စိပ်၍ ရေစိမ်ထားပါ)
ပဲပြားခြောက် (ရေစိမ်ပြီး ခပ်ထူထူလှီး၍ ထည့်ပါ)
တရုတ်နံနံ (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ် (ပါးပါး လှီးထားပါ)
ကြက်သွန်ဖြူကြော်
ရှူးရှဲ ငပိထောင်း
သံပုရာသီး
ချင်း လက်၂ ဆစ်ခန့် (ထုထားပါ)
ကြက်သွန်ဖြူ ၈ မွှာ (တပြားရိုက် ထားပါ)
ပဲငံပြာရည် အကျဲ အနည်းငယ်
ပဲငံပြာရည် အပျစ် အနည်းငယ်
ကော်မှုန့် (ရေအေးနှင့် ဖျော်ထားပါ)
ကြက်ဥ ၅ လုံး (ခလောက်ထားပါ)
Five Spice Powder အနည်းငယ်
ဆား အနည်းငယ်
သံပုရာသီး
ချင်း လက်၂ ဆစ်ခန့် (ထုထားပါ)
ကြက်သွန်ဖြူ ၈ မွှာ (တပြားရိုက် ထားပါ)
ပဲငံပြာရည် အကျဲ အနည်းငယ်
ပဲငံပြာရည် အပျစ် အနည်းငယ်
ကော်မှုန့် (ရေအေးနှင့် ဖျော်ထားပါ)
ကြက်ဥ ၅ လုံး (ခလောက်ထားပါ)
Five Spice Powder အနည်းငယ်
ဆား အနည်းငယ်
ပြုလုပ်နည်း
ကြက်သားတကောင်လုံးကို ၄ ခြမ်း ခြမ်း၍ ရေဖြင့် သန့်စင် ဆေးကြောပြီး
ပဲငံပြာရည် အပျစ်နှင့် နယ်ထားပါ။
အိုးကြီးကြီးထဲတွင် ကြက်ရိုးများကို ရေ ၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ဆား နှင့် ပြုတ်ပါ။
အိုးကြီးကြီးထဲတွင် ကြက်ရိုးများကို ရေ ၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ဆား နှင့် ပြုတ်ပါ။
ကြက်ရိုးရည်များ ဆူလျင် ၄ ခြမ်း ခြမ်းထားသော ကြက်ကို ထည့်၍
ပြုတ်ပါ။
ကြက်သားအသားနူးလျင် အအေးခံ ၊အသားနွှာ၍ အရိုးများကို
ကြက်ရိုးပြုတ်ရည်ထဲသို့ ထည့်၍ ရေထပ်ထည့်ပြီး ဆက်ပြုတ်၍ ဆူသည်အထိ တည်ပါ။
ပြီးလျင် မှိုခြောက် ၊ ပဲပြားခြောက်ကို ထည့်ပါ။
ပဲငံပြာရည်အပျစ် နှင့် အကျဲ အနည်းငယ်စီ ထည့်ပါ။
မှိုခြောက် ၊ ပဲပြားခြောက် နူးလာလျင် ကော်ရည်ကို ကျဲကျဲလေး ရေအေးနှင့်ဖျော်ပြီး
ထည့်ပါ။ အသေအချာ ဟင်းရည်အိုးကို မွှေပေးပါ။
ပြီးလျင် ခေါက်ထားသော ကြက်ဥကို ဇကာပေါက် သေးသေးထဲမှတဆင့် အိုးထဲသို့
ညာဘက်မှ ဝိုက်၍ နဲနဲစီ ထည့်ပါ။
ပြီးလျင် Five Spice Powder အနည်းငယ် ဖြူး၍ အရသာ အပေါ့အငံ မြည်းပါ။
ပန်းကန်ထဲတွင် ခေါက်ဆွဲကိုထည့်ပြီး ကြက်သား ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊
ကြက်သွန်ဖြူကြော် ၊ ကြက်သွန်မြိတ် ၊ တရုတ်နံနံ ၊ ရှူးရှဲ ငပိထောင်းပေါ် သံပုရာသီး
ညှစ်ပြီး မိမိ ကြိုက်နှစ်သက်ရာများကို ထည့်ပြီး ကော်ရည်ကို လောင်း၍ အရသာရှိသည့်ကော်ရည်ခေါက်ဆွဲကို
သုံးဆောင်နိုင်ပါပြီ။
Source: WinWin KT. FOOD@HOME
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment