Friday, December 8, 2017

ဗယာကြော်

ဗယာကြော် ဆိုတဲ့ မြန်မာစကားက အိန္ဒိယဘာသာစကား vada ကနေ ဆင်းသက်လာပါတယ်။
အပျင်းပြေကြော်စားရတာ၊ လွယ်ကူပြီးအရသာလည်းရှိပါတယ်။



ဗယာကြော်
°°°°°°°°°°
ကုလားပဲ ............... ၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)
ငရုတ်သီးစိမ်း ........... ၄ တောင့်
ငရုတ်ခြောက်တောင့် ... ၆ တောင့်
ကြက်သွန်နီ .............. ၁ လုံး
ချင်းသေးသေး ........... ၁ တက်
ပျင်းတော်သိမ်ရွက် ...... ၁ ခက်
နံနံပင် ...................... ၂ ပင်
ဆား ......................... အနည်းငယ်
ကြော်ရန်ဆီသန့်  ......... လီတာဝက်

မပြုလုပ်မီ ကုလားပဲကို ရေဆေးပြီး ၁ ညအိပ်ရေစိမ်ထားပါ။
ကြိတ်ဆုံမှာ မညက်တညက် ကြိတ်ပါ (သို့ ) ဆုံမှာထောင်းပါ။
ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးစိမ်းတွေကို နုပ်နုပ်စင်းပါ။
ငရုတ်သီးခြောက်ကို အစေ့တွေထုတ်ပြီး ၁ စင်တီမီတာလောက် ပိုင်းဖြတ်ပါ။
ပျင်းတော်သိမ်ရွက်နဲ့  နံနံပင်ကိုပါးပါးလှီးပါ။
ဇလုံတစ်ခုမှာ အားလုံးကိုရောနယ်ပြီး မိမိနှစ်သက်တဲ့အရွယ်အစားကို မထူမပါးပုံစံလေးပြုလုပ်ကာ ဆီပူပူမှာ ရွှေအိုရောင်( ကြွပ်အောင်) ကြော်ပြီး စစ်ယူပါ။
မန်ကျည်းမှည့်ချဉ်စပ်ရည်လေးနှင့်တို့ ကာ ရေနွေးကြမ်းလေးနဲ့ သုံးဆောင်ပါ။
Source: ဟင်းချက်နည်းများ


MYKA Ecommerce

www.myka.com.mm

No comments:

Post a Comment