ကြက်သား
ကြာဇံကြော်
ဆန်ကြာဇံ - ၂၀၀ g ကို ဆယ့်ငါးမိနစ်ခန့် စိမ်ပြီး ကပ်ကြေးနှင့် အနေတော်ဖြတ်ကာ
ပဲငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ကြက်သားမှုန့် ၊ဆားတို့ ဖြင့် သမအောင်နယ်ထားပါ။
ဂေါ်ဖီတစ်စိတ်ကို ရေဆေးပြီး မထူမပါးလှီးထားပါ။
မုန်လာဥနီ ၁ ဥ ကိုလဲ အခွံခွာရေဆေးပြီး ပါးပါးလှီးထားပါ။
ကြက်အူချောင်း (သို့ ) ၀က်အူချောင်း ကိုပါးပါးလှီးထားပါ။
ကြက်သား (သို့ ) ၀က်သားကိုလဲ အတုံးသေးတုံးပြီး ဆားနှင့် ပဲငံပြာရည်ထည့်ကာနယ်ထားပါ။
အခြား ရွှေပဲသီး ၊ ပန်းမုန်လာ၊ ပဲသီး စသည့်အသီးအရွက်များကိုလဲ ရေဆေးပြီး အနေတော်လေးတွေလှီးဖြတ်ထားပါ။
တရုတ်နံနံ ၁ ပင်ကို အမြစ်ဖြတ်ကာရေဆေးပြီး တစ်လက်မလောက်ဖြတ်ထားပါ။
ကြက်သွန်ပင် နှစ်ပင်ကိုလဲ အမြစ်ဖြတ်ကာရေဆေးပြီး တစ်လက်မလောက်ဖြတ်ထားပါ။
ကြက်သွန်ဖြူ ၃ မွှာကို အခွံခွာကာ နုတ်နုတ်စင်းထားပါ။
ကြက်ဥ - ၂ လုံး ၊ ဆား၊ ဆီ၊ ပဲငံပြာရည်အကြည် အနည်းငယ်စီ။
ငရုပ်ကောင်း ၊ကြက်သားမှုန့် - ထမင်းစားဇွန်းဝက်
နှမ်းဆီ၊ ခရုဆီ - ထမင်းစားဇွန်းဝက်စီ
ကြော်မည့် ဒယ်အိုးထဲသို့ ဆီထမင်းစားဇွန်း ၁ ဇွန်းခန့် ထည့်ကာ ဆီကျက်လျှင်
ကြက်သွန်ဖြူ နှင့်ဝက်သား ကိုထည့်ကြော်ပြီး ၅ မိနစ်ကြာလျှင် ၀က်အူချောင်းကို နီညိုရောင်သန်းလာလျှင်
မုန်လာဥနီ၊ ဂေါ်ဖီ၊ ပန်းပွင့်၊ ပဲသီး၊ ဆား၊ ပဲငံပြာရည်၊ ကြက်သားမှုန့် ၊ နှမ်းဆီ၊ ခရုဆီ တို့ ကိုထည့်ကာမွှေပြီး

ဆန်ကြာဇံနှင့်
တရုပ်နံနံ၊ ကြက်သွန်ပင်၊ ရေနွေး (သို့ ) ၀က်ရိုးပြုတ်ရည် ဆန်ချိန်ခွက်တစ်ဝက်ခန်
့ထည့်ကာ ဆက်တိုက်(၁၀) မိနစ်ခန့် မွှေကြော်ပါ။ ကြာဇံကျက်ခံနီးရင် ကြက်ဥဖောက်ထည့်ကာ၊
ငရုပ်ကောင်းထည့်ကာ(၅) မိနစ်ခန့် ကြော်ပြီး ကြက်သွန်ချဉ်၊ ၀က်ရိုးပြုတ်ရည်ကို ကြက်သွန်ပင်ပါးပါးလှီးကာထည့်ပြီး
ငရုပ်ကောင်းဖြူးကာ
သုံးဆောင်နိုင်ပါပြီ။
အသီးအရွက်ကြော်များကို တ၀က်လောက်ခွဲကာ ပန်းကန်တစ်ခုတွင်ဖယ်ထားပြီး
ကြာဇံကြော်ပြီးမှ အပေါ်မှအုပ်ချင်လဲအုပ်လို့ ရပါတယ်။ ကြက်ဥထည့်မကြော်ပဲ ပန်းကန်တစ်ခုတွင်ဖောက်ထည့် ဆားအနည်းငယ်နှင့် ခလောက်ကာကြော်ပြီး ပါးပါးလေးတွေညှပ်ကာ ကြာဇံကြော်ပေါ်မှထည့်စားလို့ လဲ ရပါတယ်ရှင့်။

Source:
Myanmar Foods & Other
MYKA Ecommerce
www.myka.com.mm
No comments:
Post a Comment