Monday, December 11, 2017

ကြက်သားတရုတ်ချက်သောက်ဆမ်း

ကြက်သားတရုတ်ချက်သောက်ဆမ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီဟင်းပွဲကို အရင်တစ်ခါက ကြွက်နားရွက်မှိုနဲ့ချက်ပါတယ်။ ဒီတခါ ရှီတာကီမှိုမည်းလေးနဲ့ပြောင်း
ချက်ပါတယ်။ ရှီတာကီမှိုမည်းလေးတွေက ဟင်းရည်ကိုစုပ်ယူထားတဲ့အတွက် အရသာတစ်မျိုး
လေးထူးခြားသွားပါတယ်။

ကြက်ခုတ်သား ...................... ၅၀သား
ရှီတာကီမှိုခြောက် ................... ၁၀ကျပ်သား
မုန်လာဥနီ ............................. ၃ လုံး
ကြက်သွန်ဖြူအတက်ကြီး ........ ၁၀တက်ခန့်
ချင်း .................................... ၁တက်
ကြက်သွန်မြိတ် ..................... ၄ပင်
ရှာကော+ ပါကောမှုန့် ............ ၁ဇွန်း
ပဲငံပြာအကြည်ရည် .............. ၂ ဇွန်း
ခရုဆီ ................................ ၁ ဇွန်း
သကြား ............................. ၁ ဇွန်း

အရွယ်တော်ခုတ်ထားတဲ့ ကြက်သားတွေကို ရေဆေးပြီးဆား ၊ငရုတ်ကောင်းမှုန့် အနည်း
ငယ်တို့ နှင့်အရသာနှပ်ထားပါ။
ရေစိမ်ထားတဲ့ ကြွက်ရှီတာကီမှိုမည်းတွေကို အညှာသင်ပြီးသင့်တော်သလို ခပ်ကြီးကြီးလှီးဖြတ်ပါ။
ရေနွေးဆူဆူမှာ (၅) မိနစ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ။
မုန်လာဥနီကို အခွံခွာပြီး ကြက်သားတုံးအရွယ်နီးနီး ခပ်ကြမ်းကြမ်း လှီးဖြတ်ပါ။
ကြက်သွန်ဖြူတွေကိုလည်း အခွံခွာပြီး ရေဆေးထားပါ။ ချင်းကို ထက်ခြမ်းခွဲပြီး ပါးပါးလှီးပါ။
ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ် (၂) ဇွန်းခန့်ကို အပူပေးပြီး မုန်လာဥနီနှင့် ကြက်သွန်ဖြူ 
တွေကို ဆီသတ်ပြီး စစ်ထားပါ။
ထိုဆီထဲမှာပဲ ချင်းပြားတွေကို ဆီသတ်ပါ။
မွှေးလာလျှင် ကြက်သားတွေ ထည့်ပြီး ဆီသတ်ပါ။
တရုတ်မဆလာ(ရှာကောပါကော)ထည့်ပြီး ဆီသတ်ပါ။
ကြက်သားအပေါ်ယံကြောတွေ တင်းလာပြီဆိုရင် ရေလေးအနည်းငယ် ထည့်ပြီး အဖုံးအုပ်ထားပါ။
ကြက်သားတွေ ရေခမ်းပြီး အနံ့မွှေး၊ တစ်ဝက်ကျက်လောက်အချိန်မှာ ကြော်ပြီး ဆီစစ်ထားတဲ့
မုန်လာဥနီနဲ့ ကြက်သွန်ဖြူတွေထည့်ပါ။
ရှီတာကီမှိုတွေကိုလည်း ထည့်ပေးပါ။
သကြား၊ ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆားတို့ဖြင့် အရသာဖြည့်စွက်ပါ။
အားလုံး ဆတူနီးပါးနူးလာလျှင် ကြက်သွန်မြိတ်လေးများ အုပ်ပေးပါ။
ဒီဟင်းပွဲလေးက အရည်အများကြီးမဟုတ်တဲ့အတွက် ဆမ်းစားရတာအဆင်ပြေသလို ခပ်သောက်ချင်လဲ ခပ်သောက်လို့ရတဲ့ အချိုသောက်ဆမ်းလေးဖြစ်ပါတယ်။



MYKA Ecommerce
www.myka.com.mm


No comments:

Post a Comment